ဘယ်လို ချမ်းသာအောင် ကြိုးစားကြမလဲ? ဘယ်လိုနည်းလမ်းတွေကိုလိုက်နာကြမလဲ

ချမ်းသာအောင် ဘယ်လိုလုပ်ကြမလဲ? ဘယ်နည်းလမ်းတွေလိုက်နာကြမလဲ? သင်ချမ်းသာချင်လား? အရင်ဆုံး သင့်စိတ်မှာ ချမ်းသာရမယ်လို့ စွဲစွဲမြဲမြဲမှတ်ယူထားပါ
ဘဝမှာအကြီးဆုံးအမှားကတော့ ဘယ်တော့မှ သူများစီးတဲ့ ကား ကိုမစီးနိုင်ပါဘူး, ဘယ်တော့မှသူများကိုင်တဲ့ အိတ် ကိုမကိုင်နိုင်ပါဘူး, ဘယ်တော့မှ သူများလိုမနေနိုင်ပါဘူးဆိုတဲ့အတွေးတွေကို တွေးမိနေကြတာပါဘဲ။အရင်ဆုံး ကျွန်တော် တို့ လုပ်ရမှာက ချမ်းသာရမယ်လို့ စိတ်ကိုလုံးဝပိုင်းဖြတ်ထားရမယ်။ဒီဆုံးဖြတ်ချက်ကို အမြဲခေါင်းထဲမှာထည့်ထားပြီးတွေးနေရမယ်။
💰ကျွန်တော်တို့ သေချာတွက်ချက်နိုင်ရမယ်
ဥပမာပေါ့ , ဒေါ်လာ၂၀၀တန်ပစ္စည်းတစ်ခုကို လူ၅၀၀၀ဆီဈေးကွက်တင်ရောင်းမယ်ဆိုရင် ကျွန်တော် တို့ မှာ ဒေါ်လာ ၁သန်းရှိမှရမယ်။အဲ့လိုမဟုတ်ဘဲ၁၇ ဒေါ်လာ တန်ပစ္စည်းကို တလ လူ၅၀၀၀နှူန်းရောင်းရင် တစ်နှစ်ပြည့်တဲ့အခါ ကျွန်တော် တို့ ဒေါ်လာ၁သန်းရမယ်။ အရေးကြီးတာက ကျွန်တော်တို့ သေချာဖြစ်နိုင်စွမ်းတွေကိုတွက်ချက်နိုင်ရမယ်။
💰ဘယ်သူ့ မှာငွေရှိလဲ? ဘယ်လိုသူတွေကိုအချိန်တွေပေးမှာလဲ?
ဘယ်သူ့ မှာငွေရှိလဲ? ကျွန်တော် တို့ ကို ကျွန်တော်တို့ ပြန်မေးရမယ့် မေးခွန်း ပါ။သင့်ရဲ့ customer တွေ investor တွေ နဲ့ အချိန်ပေးပါ။ အချိန်ဖြုံးပါ။ သင့်ကိုကူညီပေးနိုင်သူတွေ သင့်ကိုလမ်းပြပေးနိုင်သူတွေနဲ့ ဆွေးနွေးပါ
💰ဆင်းရဲသလိုဘဲနေကြရမယ်
သင့်ဝင်ငွေဘယ်လောက်ဘဲရှိရှိ အမြဲ နှိမ့်နှိမ့်ချချနေရမယ်။ ကျွန်တော် တို့ အမြတ် သိန်း၂၀ရပြီဆိုပါစို့ ။ အချို့ ကအဲ့ငွေတွေကိုဖုန်းအကောင်းစားတွေ, ဆိုက်ကယ်တွေ, အိတ်တွေဝယ်ကြမှာဘဲ? အဲ့ငွေတွေကို ကျွန်တော် တို့ အရင်ဆုံးရင်းနှီးကြရမယ်။ ကျွန်တော် တို့ ရှာထားတဲ့ငွေတွေဟာ သူတပါးကိုပေးဖို့ မဟုတ်ဘူး။ အမြဲနှိမ့်နှိမ့်ချချနေကြရမယ်။ ဘယ်တော့မှ အောက်ခြေမလွတ်ပါနဲ့ 
💰ရင်းနှီးမြှပ်နှံဖို့ ငွေစုကြရမယ်။ ငွေစုချင်လို့ ဆိုတဲ့သဘောနဲ့ ငွေမစုပါနဲ့ 
ရင်းနှီးမြှပ်နှံတယ်ဆိုတာ ချမ်းသာခြင်း အစပါဘဲ။သင်ကြွယ်ဝချမ်းသာချင်ရင် ငွေကိုရင်းနှီးမြှပ်နှံရမယ်။ဘာလို့ လဲဆိုတော့ ပြန်ရလာမယ့်အရာတွေက များပြားလွန်းတယ်။ကြီးမားလွန်းပါတယ်။
#Success
Credit : Toptenteam

No comments:

Powered by Blogger.