သမီးမိန်းကလေး မွေးသောကြောင့် ငယ်သံပါအော်အောင် အရိုက်ခံရတဲ့ အမျိုးသမီး

သမီးမိန်းကလေး မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးအား ယောက်ျားဘက်မှ ဆွေမျိုးတစ်ဦးက ငယ်သံပါအောင် ဟော်ကီဒုတ်ဖြင့် ရိုက်နက်နေသော ဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်ပြန့်နှံ့လာပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ပွန်ဂျပ်ပြည်နယ် ဒေသခံများပြောကြားချက်အရ အသက် ၃၅ နှစ်အရွယ် မီနာ ကက်ရှ်ယပ် ဆိုသူအမျိုးသမီးကို ယောက်ျားဘက်မှ အမျိုးများမှ ခုလိုလုပ်ခဲ့တာလို့ဆိုပါတယ်။

မျက်မြင်တွေ့ရတဲ့ အခြေအနေအရ သူမဟာ ချောင်ပိတ်အရိုက်ခံရသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသံဝင်အောင် အော် ဟစ်နေခဲ့ရသည်။ ခဲအိုဖြစ်သူနှင့် သူ့၏ သူငယ်ချင်းဖြစ်သူတို့က ဟော်ကီကစားသော ဒုတ်ဖြင့် ရိုက်နှက်ခဲ့ကြသည်။

လွန်ခဲ့သော ဧပရယ်လအတွင်းက သူမက သက်ဆိုင်ရာသို့ ယောက်ျားဘက်မှ ဆွေးမျိုးများသည် သူမကို နှိပ်စက်ကြောင်း တိုင်းကြားခဲ့သည်ကို ဆွေမျိုးများမှ မကျေမနပ်ဖြစ်နေခဲ့ကြသည်။
အိန္ဒိယနိုင်ငံသည် အယူအဆသည်းသော နိုင်ငံဖြစ်သည်။ လက်ထပ်လျှင် အမျိုးသမီးဘက်မှ အမျိုးသားဘက်ကို ရွှေ၊ ငွေ၊ ကား အစရှိသော တန်ဖိုးရှိ ပစ္စည်းများ ပေးသွင်းရသည်။ အမျိုးသမီးများကို ဇာတ်အဆင့်အတန်းခွဲခြားသည်။

လပ်ထပ်စဉ်က မီနာ ကက်ရှပ်ယပ်ဘက်က ပေးသွင်းသော ရူပီး ၆၉၈,၄၄၂ ရူပီးကို အမီနာဆီကို ပြန်ပေးထားခဲ့သည်။ သို့သော် ယခု သူမွေးဖွာလိုက်တာက သမီးမိန်းကလေးဖြစ်နေသောအခါ ထိုဆွေမျိုးများက ဒေါသထွက်ကြသည်။

ဟိန္ဒူစတန်တိုင်မ်း သတင်း၏ပြောကြားချက်အရ သူမဟာ အချက်ပေါင်းများစွာ အရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။

ခုတော့ရဲတွေက ယောက်ျားဖြစ်သူ ဒယ်လ်ဂျစ်ဆိုက်၊ သူ့အစ်ကို ကမ္မာဂျက်နှင့် သူငယ်ချင်းဖြစ်သူ တို့အား ဖမ်းဆီးထားသည်။ ပိုင်နက်ကျူးလွန်မှု၊ အကြမ်းဖက်နှိပ်စက်မှုတို့ဖြင့် ဖြစ်သည်။

အမျိုးသမီးရဲ့ဖခင်ဖြစ်သူက''ကျွန်တော့်သမီးကို ဒီလိုနှိပ်စက်နေတဲ့အတွက်နဲ့ ပြီးခဲ့တဲ့နှစ်တည်းက တိုင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမထူးခဲ့ဘူး''ဟုဆိုသည်။

လက်ထပ်စဉ်က ဒေါင်းရီ လို့ခေါ်တဲ့ အမျိုးသမီးဘက်မှ ပေးရမယ့် ငွေကို ရူပီး ၇၀၀,၀၀၀ ထိ တစ်ဖက်ဆွေမျိုးများက တောင်းခဲ့သည်။ သူတို့ပေါင်းသင်းလာတာ ခုဆို နှစ်နှစ်ရှိပြီး သမီးတစ်ယောက် ထွန်းကားခဲ့သည်။


Credit - PannPwint

ref-Metro

No comments:

Powered by Blogger.