ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှု အပါအ၀င် အမှုများစွာဖြင့် တရားစွဲဆိုခံထားရပြီး အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းကြီး

ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှု အပါအ၀င် အမှုများစွာဖြင့် တရားစွဲဆိုခံထားရပြီး အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းကြီး နန်ခမ်းကို ထိုင်းနိုင်ငံ သွားရောက်ဖမ်းဆီးနေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေသည်ဟု ထိုင်းတာဝန်ရှိသူများက ပြောကြားလိုက်သည်။

ဝီရာဖွန် ဆူခွန်ဟုလည်း ခေါ်ဆိုသည့် အသက် ၃၈ နှစ်အရွယ် နန်ခမ်းအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးရန် အမေရိကန်တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက သွားရောက်ခေါ်ဆောင်နေပြီး ယနေ့မနက်ပိုင်းတွင် လော့စ်အိန်ဂျလိစ်မှ ဂျပန်၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်လာမည်ဖြစ်သည်။

ယနေ့မနက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်း ရှေ့ချုပ်ရုံး၏ နိုင်ငံတကာဌာနမှ ညွှန်ကြားရေးမှူး အမ်နတ် ချော့ချိုင်က နန်ခမ်းကို ကြည်ညိုသူများ ပြဿနာပြုလုပ်နိုင်မည့် အခြအနေကို စိုးရိမ်သည့်အတွက် အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံစလုံးက အသေအချာ ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဘုန်းကြီးမှာ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လိမ်လည်မှု၊ ကွန်ပျူတာအက်ဥပဒေ၊ ထိုင်းဘတ် သန်း ၄၀ ငွေကြေးခ၀ါချမှုတွင် ပါဝင်မှု စသည့် စွဲချက်များအတွက် ထိုင်းရဲတပ်ဖွဲ့မှ အလိုရှိနေသူဖြစ်သည်။
ထိုင်းနိုင်ငံမှ ထွက်မပြေးခင် နန်ခမ်း၏ ဇိမ်ခံလွန်းသည့် လူနေမှုစရိုက်ကြောင့် ကျော်ကြားပြီး ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးထွက်ခြင်း၊ အကောင်းစား တံဆိပ်များကို အသုံးပြုခြင်းတို့ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်က ထွက်ပေါ်လာသည့် ဗီဒီယိုတစ်ခုတွင် Louis Vuitton လက်ကိုင်အိတ်၊ အကောင်းစားတံဆိပ် နေကာမျက်များဖြင့် နန်ခမ်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားနေမှုကို တွေ့မြင်ခဲ့ရသည်။

အဆိုပါဘုန်းကြီးဟု ယူဆရသည့် လူတစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံနေသည့် ဗီဒီယိုတစ်ခုလည်း အင်တာနက်တွင် ပြန့်နှံ့ခဲ့ပြီး နန်ခမ်းကမူ ဗီဒီယိုတွင်ပါဝင်သူမှာ ၎င်း၏ညီဖြစ်သည်ဟု ပြောကြားခဲ့သည်။
READ ယခင် ဘုန်းကြီး ငါးပါး ကားမှောက်ပြီးပျံလွန်ခဲ့ တဲ့နေရာတွင် ယနေ့ကားထပ်မှောက်

သို့သော်လည်း ဆီဆာကတ်ဟုခေါ်သည့် အမျိုးသမီးတစ်ဦးက သူမကလေး၏ ဖခင်မှာ နန်ခမ်းဖြစ်သည်ဟု တရားရုံးတွင် တိုင်ကြားခဲ့ပြီး DNA စစ်ရန်လည်း အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းဘတ် ၂ ဘီလီယံ တန်ဖိုးရှိသည့် နန်ခမ်း၏ ဘဏ်အကောင့်များ၊ မြေများ၊ အိမ်များကို သိမ်းဆည်း ချိတ်ပိတ်ထားသည်။

အမေရိကန်မှာ ထိုင်းအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးကာ လူဝတ်လဲခဲ့သည်။

Ref : The Nation

Credit:M-Media

No comments:

Powered by Blogger.