2 လက်မအရှည်ရှိ အပ်တွေနဲ့ ခန္ဓာကိုယ်အတွင်း ထိုးသွင်းနှိပ်စက် ခံခဲ့ရတဲ့ကောင်မလေး

အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါလ်၊ ဘန်ကူရာမြို့နယ်မှာ နေထိုင်တဲ့ အသက် 3 နှစ်အရွယ် ကလေးမလေးဟာ အမျိုးသားတစ်ဦးက ခန္ဓာကိုယ်ထဲကို 2 လက်မအရွယ် အပ် 7 ချောင်းအထိ ထိုးပြီး နှိပ်စက်တာကို ခံခဲ့ရပါတယ်။ အဆိုပါ ကောင်မလေးကို အမျိုးသားတစ်ဦးက အောက်လမ်းအတတ်မှာ သုံးတဲ့အပ်တွေနဲ့ ထိုးသွင်းခဲ့တာပါ။

ကလေးမလေးကို မိခင်ကိုယ်တိုင် ကာလကတ္တားမှာရှိတဲ့ SSKM Hospital ဆေးရုံဆီ အမြန်ပို့ခဲ့ရပြီး၊ ဓာတ်မှန်ရိုက်ကာ စစ်ဆေးလိုက်ချိန်မှာတော့ အပ်တွေဟာ ခန္ဓာကိုယ်အတွင်းပိုင်းအထိ စူးဝင်နေပါတယ်။ မိခင် Mongola Goswami ကတော့ သမီးဖြစ်သူ အသက်ဆုံးရှုံးမှာကို အလွန်စိုးရိမ်နေပြီး၊ သောကပွားနေခဲ့ပါတယ်။

ကလေးမလေးရဲ့ ဗိုက်အတွင်းနဲ့ အခြားခန္ဓာကိုယ်အတွင်းပိုင်းမှာ အပ် 7 ချောင်းကို ဖယ်ရှားခဲ့ရပြီး၊ လက်မောင်းလည်း ကျိုးနေတယ်လို့ သိရပါတယ်။ ကလေးမလေးရဲ့ အမည်ကို Supriya Goswami လို့ ဖော်ပြထားပြီး၊ အပ်တွေဟာ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ လွန်ခဲ့တဲ့ 15 ရက် 20 လောက်ကတည်းက ထိုးသွင်းခံထားရကြောင်း သိရပါတယ်။

အပ်နဲ့ထိုးသွင်းသူ အမျိုးသားရဲ့ အိမ်မှာ မိခင် Mongola က အိမ်စေအဖြစ် အသက်မွေးဝမ်းကြောင်း ပြုရပြီး၊ အိမ်ရှင် အမျိုးသားက ကလေးမလေးကို ရုပ်ပိုင်ဆိုင်ရာ နှိက်စပ်မှုတွေ တမင်ကျူးလွန်ထားကြောင်း ဒေါက်တာတွေက ဆိုပါတယ်။ Supriya ဟာ လက်ရှိအချိန်မှာ ခွဲစိတ်ထားဆဲ အခြေအနေဖြစ်ပြီး၊ အခြေအနေကို စောင့်ကြည့်နေရဆဲပါ။
လောလောဆယ်တော့ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ အသက် 50 အရွယ် အမျိုးသားကို ဖမ်းဆီးထားပြီး၊ သူရဲ့ ထွက်ဆိုချက်အရတော့ လက်တွေ့မှော်ပညာကျင့်စဉ်ကို ကျင့်သုံးရင်း၊ ကလေးမလေးရဲ့ ခန္ဓာကိုယ်ထဲကို အပ်တွေ စမ်းသပ်ထိုးသွင်းခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

No comments:

Powered by Blogger.