“ MMA ပြိုင်ပွဲအားပေးရင်း သေဆုံးသွားသူရဲ့မိသားစုကို အောင်လအန်ဆန်ထောက်ပံ့ငွေပေးအပ်”

“ MMA ပြိုင်ပွဲအားပေးရင်း သေဆုံးသွားသူရဲ့မိသားစုကို အောင်လအန်ဆန်ထောက်ပံ့ငွေပေးအပ်”

MMA   ပြိုင်ပွဲမှ  အောင်လအန်ဆန် ကိုအားပေးရင်း ရုတ်တရက်သေဆုံးသွားသူရဲ့ နာရေးအိမ်သို့ အောင်လအန်ဆန် မှ ယနေ့ (ဇူလိုင်လ ၁ရက် ) နေလည် ပိုင်းတွင် လာရောက်အားပေးစကားပြောပြီး ထောက်ပံငွေကျပ်ဆယ်သိန်းပေးအပ်သွား ကြောင်းသိရသည်။

အောင်လအန်ဆန်က ၄င်းရဲ့ ပြိုင်ပွဲကို ကြည့်ရှုရင်း ဖြစ်သွားသည့်အတွက် စိတ်မကောင်းဖြစ်မိပြီး ဝမ်းနည်းမိကြောင်း သေဆုံးသွားသူရဲ့ ကျန်ရစ်သူ မိသားစုကို ပြောခဲ့သည်။

ရန်ကင်းမြို့နယ် (၁၂ ) ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဘစ်ဒက်ရှ် တို့ ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာချန်ပီယံလုပွဲ ကို ရုပ်မြင်သံကြားမှ အားပေးနေစဉ် ၆၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ ပထမ အချီ ထိုးသတ်နေစဉ် အားပေးရင်း စိတ်လှုပ်ရှားလွန်းရာမှ သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောကြသည်။

အဆိုပါပြိုင်ပွဲတွင် အောင်လအန်ဆန်က ပြိုင်ဘက်ကို လက်ရည်အသာဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

ဓာတ်ပုံ - အောင်ကျော်ဇင်
7 day >>Aung Moe Myint

No comments:

Powered by Blogger.