``မွတ်ဆလင် ၅ ကောင်အလှူခံပုံး ဖေါက်´´ ချောင်းသာကမ်းခြေရှိ ကျောက်မောင်နှမတောင်ပိုင်ဘိုးဘိုးကြီးအလှူခံပုံး မှန်ကိုခွဲ၍ ငွေခိုးယူခဲ့သူ ဘာသာခြား ၅ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးအမှုဖွင့်
``မွတ်ဆလင် ၅ ကောင်အလှူခံပုံး ဖေါက်´´
ချောင်းသာကမ်းခြေရှိ ကျောက်မောင်နှမတောင်ပိုင်ဘိုးဘိုးကြီးအလှူခံပုံး မှန်ကိုခွဲ၍ ငွေခိုးယူခဲ့သူ ဘာသာခြား ၅ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးအမှုဖွင့်
July 11, 2017
ချောင်းသာကမ်းခြေဟု ခေါ်တွင်သော ချောင်းသာကျေးရွာ၊ ကျောက်မောင်နှမကမ်းခြေရှိ အောင်သိဒ္ဓိမြတ်ရှင်တော်ဘုရားရှိ ကျောက်မောင်နှမတောင်ပိုင်ဘိုးဘိုးကြီး ဗိမ္မာန်အဆောက်အအုံအတွင်းမှ အလှူခံပုံးကို ခွဲ၍ အလှူငွေများကို အစ္စလာမ်ဘာသာဝင် ၅ ဦးက ခိုးယူသွားခဲ့ပြီး ၄င်းတို့ ကို ဇူလိုင် ၃ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
အလှူခံပုံးမှန်ကို ခွဲ၍ ပိုက်ဆံခိုးကြသူ အစ္စလာမ်ဘာသာဝင် ၅ ဦး၏ ဖြစ်စဉ်မှာ ကျောက်မောင်နှမကမ်းခြေတွင် နေထိုင်သော ဦးလှဝင်းသည် ဇူလိုင်လ ၂ ရက်က အလှူခံဌာန၌ အလှူခံနေစဉ် ဘုရားတောင်ခြေတွင် ဈေးရောင်းနေသော ရဲကိုကို(ခ)လှိုင်မိုးနှင့် ဇေနိုင်ထွန်းတို့ ၏ တိုင်ကြားချက်ဖြစ်သော အလှူခံပုံးကို ဘာသာခြားလေးဦးက လက်သီးထိုးခွဲပြီး အလှူငွေများ ယူဆောင်နေသည်ဆိုသော သတင်းကြောင့် သွားရောက်စစ်ဆေးရာမှ စတင်ခဲ့ခြင်းဟု သိရသည်။
” လေးဦးကတော့ ဖြစ်ဖြစ်ချင်း ညပိုင်းမှာပဲ ဖမ်းမိတာပါ။ တစ်ဦးကတော့ ဒီမနက်မှ မိတာပါ။ ၅ ဦးလုံးက အစ္စလာမ်ဘာသာဝင်တွေပါ “ ဟု ချောင်းသာနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိက အကုန်သိသတင်းဌာနသို့ ဇူလိုင်လ ၃ ရက် ညနေပိုင်းတွင်ပြောသည်။ ဖြစ်စဉ်အနေအထားအရ အဆိုပါ ဘာသာခြား ၅ ဦးသည် အလှူခံပုံးထဲမှ ငွေများကို ယူပြီးနောက် ၄င်းတို့ စီးလာသော FF/6751 တိုယိုတာ Fielder အနက်ရောင်တက္ကစီပေါ်သို့ ပြန်တက်သွားပြီး ရွှေသောင်ယံကမ်းခြေဘက်သို့ မောင်းနှင်သွားကြောင်း၊ ၅ မိနစ်ခန့် အကြာတွင် အဆိုပါကားက ပြန်လှည့်လာသောကြောင့် ဦးလှဝင်းက သွားရောက်မေးမြန်းချိန်တွင် ယာဉ်ပေါ်၌ ၄ ဦးသာတွေ့ ရပြီး တစ်ဦး ပျောက်နေကြောင်း၊ ၄င်းတို့ လေးဦးလုံးကလည်း ပျောက်သွားသောတစ်ဦးကို ရှာနေခြင်း ဖြစ်ကြောင်း ပြောပြီး ကားကို ချောင်းသာကမ်းခြေဘက်သို့ အတင်း မောင်းပြေးသွားကြောင်း ရဲမှတ်တမ်းအရသိရသည်။
http://akonthi.com/ချောင်းသာကမ်းခြေရှိ
crd

No comments: