သေကြောင်းကြံဖို့ကြိုးစားနေတဲ့ကျောင်းသားကို ကယ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ရဲ့စွန့်စားမှုနာမည်ကြီးနေ

ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးကို ကယ်တင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ရဲ့ဖြစ်ရပ်မှန်စွန့်စားမှု
ဟာ အင်တာနက်မှာ နာမည်ကြီးလျက်ရှိပါတယ်။ အဆိုပါဖြစ်ရပ်မှန်မှာ တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဗွီဒီယိုဖိုင်ကို
လည်း ဖုန်းနဲ့တစ်ဆင့်ရိုက်ကူးထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ Anhuiပြည်နယ်၊ Wuhuမြို့က ကျောင်းသားတစ်ဦးဟာ တိုက်ခန်း(၁၂)လွှာ ပြတင်းပေါက်ကနေ ခုန်ချပြီး
ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သတ်သေရတဲ့အကြောင်းအရင်းမှာလည်း မိဘများနဲ့ စကားများခဲ့
ကြပြီး သတ်သေတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အကြောင်းကြောင့် အငြင်းပွားတယ်ဆိုတာကိုတော့ မီဒီယာတွေ
က ဖော်ပြခဲ့ခြင်းမရှိပါဘူး။ဗွီဒီယိုမှ စပြတာက ကျောင်းသားဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ပြတင်းပေါက်မှာ ထိုင်နေပြီဖြစ်ပါတယ်။ ဒါကို မီးတပ်ရဲ
တပ်ဖွဲ့ဝင်နှစ်ဦးက အဆိုပါကျောင်းသားလေးခုန်ချမယ့် ပြတင်းပေါက်တည့်တည့် (၁၃)လွှာပြတင်းပေါက်ကနေ ကယ်ဖို့
ကြိုးစားခဲ့တာပါ။ တစ်ဦးက လက်ကို ကြိုးနဲ့ ချိတ်၊ နံရံကိုခြေစုန်ကန်ဆင်းပြီး  ပြတင်းပေါက်မှာထိုင်နေတဲ့ ကောင်လေး ကို ကန်ကာ တိုက်ခန်းထဲပြန်ကျအောင် ကယ်နိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါအဖြစ်အပျက်ဟာ စွန့်စားခန်းရိုက်ကူးတဲ့ဇာတ်ကားတွေထဲကလို ဖြစ်တာကြောင့် တကယ့်ဖြစ်ရပ်မှန်အဆိုပါဗွီဒီ
ယိုဖိုင်ဟာ အင်တာနက်မှာ အလွန်နာမည်ကြီးနေတာဖြစ်ပါတယ်။
M2T (Shwemom)
Source ; mirror.co.uk

No comments:

Powered by Blogger.