ပီဇာဆိုင်မှာ ချစ်တင်းနှောခဲ့ကြတဲ့ ဗြိတိန်အတွဲ ကာယိနြေ္ဒပျက်မှုနဲ့ ထောင်ချခံရဖွယ်ရှိနေ
အင်္ဂလန်နိုင်ငံ၊ East Yorkshireပြည်နယ်၊ Bridlingtonမြို့မှာနေထိုင်တဲ့ Craig Smith(31နှစ်)နဲ့ Daniella Hirst(28နှစ်) ဗြိတိန်စုံတွဲတစ်တွဲဟာ လူမြင်ကွင်းမှာ ချစ်တင်းနှောခဲ့တာကြောင့် ကာယိနြေ္ဒပျက်မှုနဲ့ ထောင်ဒဏ်ချမှတ်
ခံရဖွယ်ရှိနေတယ်လို့သိရပါတယ်။Craig Smith နဲ့ Daniella Hirst တို့ရဲ့ ချစ်တင်းနှောတဲ့မြင်ကွင်းကို CCTVက မှတ်တမ်းတင်နိုင်ခဲ့ပြီး အခုလိုစွပ်စွဲ
ခံနေရတာဖြစ်ပါတယ်။ Craig Smith နဲ့ Daniella Hirst တို့ဟာ Scarboroughမြို့ရှိ Dominoအမည်ရှိ ပီဇာ
ဆိုင်မှာ ပီဇာသွားဝယ်ကြတာဖြစ်ပါတယ်။ ပီဇာကို စောင့်ဆိုင်းနေရင်းနဲ့ Craig Smith နဲ့ Daniella Hirst တို့ကချစ်တင်းနှောခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့မြင်ကွင်းကို ဆိုင်က CCTVက မှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါCCTVမှတ်တမ်းဟာ အင်တာနက်ပေါ်မှာပျံ့လွှင့်ခဲ့ပြီး Scarboroughမြို့ရှိ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု
တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ Craig Smith နဲ့ Daniella Hirst တို့ကို လူမြင်ကွင်းမှာ မဖွယ်မရာပြုပြီး
ကာယိနြေ္ဒပျက်မိနဲ့ တရားစွဲဆိုထားခဲ့ပါတယ်။လက်ရှိအချိန်အထိ သူတို့(၂)ဦးဟာ Scarboroughမြို့တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး နောက်ဆုံးတရားရုံးကို စက်တင်ဘာလ(၂၁)ရက်နေ့မှာ ကြားနာမှာဖြစ်ပြီး Craig Smith နဲ့ Daniella Hirst တို့အနေနဲ့ ပြစ်မှုထင်

ရှားခဲ့ပါက နှစ်ဦးစလုံး ထောင်(6)လဆီ ချမှတ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

No comments: