စစ်ကိုင်းအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားများ ဒုတ်ဓါးများ ကိုင်ဆောင်၍ ခိုက်ရန်ဖြစ်ပွား

စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားအချင်းချင်း
ဝါဆိုဆိုလပြည့်နေ့ စစ်ကိုင်းတောင်ပေါ်တွင် အချင်းများရာမှ ခံရသည့် အဖွဲ့က မကျေနပ်၍
ဒုတ် ဓါး များ ကိုင်ဆောင်၍ ဇွန်လ ၁၀ ရက်နေ့ နံနက် ၈နာရီ ၂၀ ခန့်
နဝမတန်း စာသင်ဆောင်ရှေ့ လာရောက်ထိုးနှက်ခဲ့၍
နဝမတန်း ကျောင်းသား ပြည့်ဖြိုးအောင်ကျောတွင်ထိုးနှက်ဒဏ်ရာ
ချစ်ဦးမောင် ဘယ်လက်တွင် ထိုးသွင်းဒဏ်ရာ နှင့် ဦးခေါင်း ဘယ်ညာပေါက်ပြဲ ဒဏ်ရာ
တင်လင်းသူရ ညီထက်နိုင် မင်းဇော်ဦးတို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာကျောဘက်တို့တွင် ပေါက်ပြဲ
ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦး သတင်းရှိသည်။
Credit

No comments: