အိပ်နေစဉ် သူငယ်ချင်းရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံရတဲ့ အမျိုးသမီး
Durham ပြည်နယ်၊ Newton Acliffeမြို့နယ်မှာနေထိုင်တဲ့ Angel Rogerson(21နှစ်)ဟာ အလွန်အအိပ်မက်
သူဖြစ်တာကြောင့် အိပ်ပျော်နေစဉ် သူငယ်ချင်းဖြစ်သူရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပါတယ်။ သူမနဲ့ တရားခံတို့ဟာ အိမ်နီးချင်းတွေဖြစ်သလို မိသားစုအချင်းချင်းလည်း လွန်ခဲ့တဲ့(၅)နှစ်ကတည်းက ခင်ကြတာလို့သိရပါတယ်။
ဖစ်စဉ်မှာ Angel Rogerson ရဲ့ အဖွား နားရေးပြီးတဲ့နောက်(၂)အရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေ့မှာ
Angel Rogersonရဲ့ မိခင်နဲ့ အစ်မတို့ဟာ အပြင်သွားစရာရှိတာကြောင့် သူမကို တရားခံ(Douglas Hodgson)တို့
ရဲ့အိမ်မှာ တစ်ညသွားနေခိုင်းတာဖြစ်ပါတယ်။ Angel Rogersonကလည်း Douglas Hodgsonနဲ့ ခင်မင်လာတာ ကြာပြီဖြစ်တာကြောင့် ယုံကြည်ခဲ့ပြီး အခန်းတစ်ခန်းထဲမှာ အ၀တ်အစားလုံလုံခြုံခြုံနဲ့ပဲ အိပ်ဖို့ကြိုးစားခဲ့ပါတယ်။
Angel Rogersonဟာ မနက်နိုးလာတော့ အ၀တ်အစားတွေက ပုံပျက်ခြင်းမရှိပေမယ့် သူမရဲ့အင်္ဂါဟာနာကျင်နေခဲ့
တာကြောင့် Douglas Hodgson(၂၈နှစ်)ကို သံသယဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူမက အိမ်ကိုပြန်သွားခဲ့ပြီး လူမှု ကွန်ရက်ကနေတစ်ဆင့် Douglas Hodgsonကို ”နင် မနေ့ညက ငါ့ကို ဘာလုပ်လဲဆိုတာအတိအကျသိတယ်”ဆိုတဲ့
စာသားကိုပေးပို့ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Douglas Hodgsonက လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတော့ရှိပေမယ့် အဓမ္မပြုကျင့်ခဲ့ခြင်းမရှိဘူးလို့
ကျိန်ပြောခဲ့ပါတယ်။ ဒါပေမယ့် Angel Rogersonဟာ တာဝန်ရှိသူတွေကို သတိပေးပြီး Douglas Hodgsonကို အ
ဓမ္မကျင့်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ Angel Rogersonရဲ့ အင်္ဂါကိုစစ်ဆေးကြည့်တော့လည်း မူခင်းဆေးပညာအရ
Douglas Hodgsonဟာ အမှန်တကယ်အဓမ္မပြုကျင့်ခဲ့တယ်လို့ တွေ့ရပြီး တရားခံ Douglas Hodgsonဟာ အဲဒီအမှုနဲ့ ထောင်(၆)နှစ်၊ (၄)လ ထောင်ချခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့ပြီးနောက် Angel Rogersonက သူမအနေနဲ့ဘယ်သူကိုမှ ယုံကြည်မှုမရှိတော့ကြောင်း၊
အတိတ်က အရိပ်မည်းကို မေ့ပစ်ပြီး ဘ၀သစ်မှာနေထိုင်သွားတော့မှာဖြစ်ကြောင်းနဲ့ မိန်းကလေးတွေအနေနဲ့လည်း မိမိလိုမျိုးအဖြစ်မျိုးကို ရှောင်ကြဉ်ကြဖို့ မီဒီယာကနေတစ်ဆင့် တိုက်တွန်းသွားခဲ့ပါတယ်။

No comments: