ဘဏ်သို့ငွေလာရောက်အပ်နှံလာသူအမျိုးသမီးထံက ငွေစက္ကူအတု ၂၅ သိန်းတွေ့ရှိ

လွိုင်ကော် ဇူလိုင် ၁၂
တောင်ကြီးမြို့၊ကမ္ဘောဇဘဏ်ခွဲ(၃)မှာ ဇူလိုင်လ ၁၁ရက်နေ့ နံနက်ပိုင်းက ငွေလာရောက်အပ်နှံလာသူ အမျိုးသမီးထံက ငွေစက္ကူအတု ၂၅သိန်းကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
“ အမျိုးသမီးကို ဘဏ်မှာ ငွေသိန်းတစ်ရာ လူတစ်ယောက်ကလာအပ်ခိုင်တယ်လို့သိရတယ်။ သိန်းတစ်ရာထဲက ငါးထောင်တန်အတု အရွက် ငါးရာကိုတွေ့ရှိခဲ့တာဖြစ်တယ်။ ဘဏ်ကိုသွားရောက်အပ်နှံခိုင်းတဲ့ သူကိုဖမ်းဆီးမရ မိသေးပါဘူး။ ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေပါတယ်။”လို့ တောင်ကြီးနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါငွေစက္ကူအတုမျာကိုအခြားတစ်ယောက်မှလာရောက်အပ်နှံခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တောင်ကြီးမြို့၊ ရွှေသူဌေးကုန်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်..အသက် (၄၂)နှစ်ဟာ ဇူလိုင်လ ၁၁ရက် နံနက် ၁၀နာရီခွဲခန့်က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၂)၊ ရေထွက်ဦးလမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ(၃)မှာ ငွေကျပ် သိန်း ၁၀၀လာရောက်အပ်နှံခဲ့ရာ ၅ထောင်ကျပ်တန်၊ အရွက် ၅ရာ (၂၅)သိန်းဟာ အတုဖြစ်နေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ငွေစက္ကူ အတု ၅ထောင်တန် အရွက် ၅ရာ (၂၅သိန်း)တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများဟာ တာဝန်ရှိသူများကို ပြောကြားပြီး တောင်ကြီးနယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ငွေစက္ကူအတုလာရောက်အပ်နှံသူအမျိုးသမီးကိုမှုခင်းရဲတပ်ဖွဲ့မှစစ်ဆေးနေပြီးအခြားကွင်းဆက်ကျူးလွန်သူများကိုဖမ်းဆီးရမိရေးဆေင်ရွက်လျက်ရှိပါတယ်။
တောင်ကြီးနယ်မြေရဲစခန်းက ဒေါ်…အသက် (၄၂)ကို (ပ)၆၂/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရအမှုဖွင့်လှစ်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Author – နှင်းနှင်း

No comments: