အချစ်ဆုံး သူငယ်ချင်းရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကို ခံရတဲ့ကောင်ကလေး

ယောကျာ်းလေးတွေဟာ မိန်ကလေးတွေလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းခံရလေ့ မရှိဘူးလို့ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်ကတော့ အံသြဖို့ကောင်းလှပါတယ်။ 

ထိုင်ဝမ်က အသက် ၂၂ နှစ် အရွယ်ကောင်လေးဟာ အခြားနယ်ကို ပညာသွားသင်ရမှာဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲ ပါတီလုပ်ခဲ့ပါတယ်။ ကာရာအိုကေ ဆိုကြရင်း အရက်များလည်း သောက်ခဲ့ကြပါတယ်။ ပွဲပြီးတဲ့အခါမှာတော့ ကောင်လေးကို သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ဇန်က သူ့ရဲ့အိမ်ကိုခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မူးနေတဲ့ကောင်လေး ဟာ သူငယ်ချင်းဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံရပါတော့တယ်။ 

ဒီအဖြစ်ကို နောက်နေ့မနက် မိုးလင်းတဲ့အခါ မူမမှန်တဲ့ ဆက်ဆံခြင်းကြောင့် နာကျင်နေတဲ့အခါမှ ကောင်လေးဟာ သိပါတယ်။ ရဲဌာနရဲ့ပြောကြားချက်အရ အိမ်ထဲရှိ CCTV မှာ ဒီဖြစ်ရပ်ဟာ ပေါ်နေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ကောင်လေးဟာ ဆေးရုံတက်နေရပါတယ်။ ဒီအတိုင်းဆို သူငယ်ချင်း အချင်းချင်းတွေတောင် ယုံကြည်လို့ မရတော့တဲ့အနေအထားပါ :)

No comments:

Powered by Blogger.