စာမေးပွဲ လာမဖြေတဲ့ ကျောင်းသူကို ကုစားစာမေးပွဲဖြေဖို့ ဟော်တယ်ကိုခေါ်တဲ့ ပါမောက္ခ . အပြည့်အစုံ ကြည့်ရန်နှိပ်ပါ.

ဖိလစ်ပိုင်နိုင်ငံ Lyceum of the Philippines University ကို တက်ရောက်နေတဲ့ Mariechelle Quijalvo လို့ အမည်ရတဲ့ ကျောင်းသူဟာ ကျောင်းတွင်း ကျင်းပပြုလုပ်တဲ့ စာမေးပွဲတော်တော်များများကို ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် သူမအနေနဲ့ ကျောင်းစည်းကမ်းအရ ကုစားစာမေးပွဲဖြေဆိုဖို့ လိုအပ်လို့ သက်ဆိုင်ရာ ပါမောက္ခကို တွေ့ဆုံခွင့် တောင်းခဲ့ပါ
တယ်။
Quijalvo ဟာ သူမတို့ချင်း တွေ့ဆုံတဲ့အခါမှာ ကုစားစာမေးပွဲကို ပါမောက္ခက စီစဉ်ပေးလိမ့်မယ်လို့လည်း ယုံကြည်နေပါ တယ်။ ပါမောက္ခက သူမရဲ့ တွေ့ဆုံခွင့်ကို သဘောတူခဲ့ပြီး၊ အပြင်မှာ တစ်ခုခု စားရင်းတွေ့ကြဖို့ ဖိတ်ခဲ့ပါတယ်။ ဒါကြောင့် နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုမှာ တွေ့ခဲ့ကြပါတယ်။
အဲဒီနောက် အလှတရားကို အညှာလွယ်ပုံရတဲ့ ပါမောက္ခဟာ သူနဲ့အတူတူ တစ်နေရာရာမှာ သူနဲ့အတူတူ စားဖို့ ထပ်စည်း ရုံးပါတယ်။ ဒီအခါမှာတော့ Quijalvo က လှလှပပလေး ငြင်းပယ်ခဲ့ပြီး ကျောင်းသွားရဦးမယ်လို့ အကြောင်းပြခဲ့ပါတယ်။ စေတနာကောင်းချင်ယောင်ဆောင်တဲ့ ပါမောက္ခဟာ ကျောင်းကို သူ့ကားနဲ့ လိုက်ပို့မယ်လို့ ပြောခဲ့လို့ Quijalvo ကလည်း လက်ခံခဲ့ပါတယ်။
ကားပေါ်မှာပင် ပါမောက္ခရဲ့ ပညာရှိမပီသတဲ့ စရိုက်ဆိုးတွေကို ပြသပါတော့တယ်။ ပါမောက္ခက Quijalvo အနေနဲ့ စာမေးပွဲ ဖြေလည်း ကျမှာဖြစ်ကြောင်း၊ သူက အအောင်ပေးမည် မဟုတ်ကြောင်း၊ စာမေးပွဲမဖြေပဲ အောင်အောင်လုပ်ပေး မယ့် နည်းလမ်းရှိကြောင်း ပြောကာ နာမည်ကျော် SOGO ဟိုတယ်ဆီကို ကားကို ဦးတည်လိုက်ပါတယ်။ ဒီဟိုတယ်ဟာ ဘယ်လိုလူတွေ သွားရောက်ဝင်ထွက်တယ်ဆိုတာ ဖိလစ်ပိုင်တွေ အသိဆုံးပါ။

ကားစီးနေတဲ့တစ်လျှောက်မှာ ဉာဏ်ကောင်းတဲ့ Quijalvo က သက်သေတွေ ရအောင်ယူခဲ့ပြီး၊ သူမရဲ့ချစ်သူဆီကို ” အမေတစ်ခုခု ဖြစ်နေတဲ့ပုံစံနဲ့ ဖုန်းခေါ်စမ်းပါ “ဆိုပြီး လျှို့ဝှက်စာပို့လိုက်ပါတယ်။ အဲဒီနောက် သူမဆီကို ဖုန်းဝင်လာခဲ့ပြီး၊ သူမအမေ စိုးရိမ်ရကြောင်း စသဖြင့် ပါမောက္ခကို ယုံအောင်ရွှီးကာ နောက်ဆုံးမှာ ကိုယ်လွတ်ရုန်းနိုင်ခဲ့ပါတယ်။ မကြာမီမှာပဲ
သူမဟာ ဒီအဖြစ်အပျက်ကို Facebook ပေါ်မှာ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ အများပြည်သူ သိအာင် ဖော်ပြခဲ့ ပါတယ်။ လက်ရှိအချိန်ထိတော့ ကာယကံရှင်ပါမောက္ခ တာဝန်ထမ်းဆောင်နေဆဲလားဆိုတာ မသိရသေးပါဘူး။
Credit: လင်းဇော်ကို (Shwemom)
source : viral4real.com

No comments:

Powered by Blogger.