အက်စစ်ဖြင့် မိန်းမနဲ့လင်ငယ်ကိုပက်ရာက သမီးကိုပက်မိတဲ့အဖြစ်

အက်စစ်ဖြင့် မိန်းမနဲ့လင်ငယ်ကိုပက်ရာက သမီးကိုပက်မိတဲ့အဖြစ်

မယ်လ်တက်ဆိုတဲ့ ကောင်မလေးအတွက် ခုတော့ မျှော်လင့်ချက်ရောင်ခြည် ထွက်ပေါ်လာပါပြီ။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က သူမရဲ့ဖခင်ဟာ ဇနီးနဲ့ရန်ဖြစ်ပြီး ဇနီးကိုအက်စစ်နဲ့ပက်ခဲ့ရာက ကြားက သူမကို ပက်မိခဲ့ပြီး ကြောက်လန့်ဖွယ်ရာ ဒဏ်ရာတွေရခဲ့ပါတယ်။ ခုမှ ဒီဒဏ်ရာတွေကို ကုသခွင်ရဖို့ဖြစ်လာတာပါ။

ဂျူလီယက်ကုမာရီဆိုတဲ့ သူမဟာ ဖခင်နဲ့မိခင်တို့ရန်ပွဲကနေ ဘ၀ဒဏ်ရာကြီးရခဲ့ရပါတယ်။ ၇ နှစ်ရွယ်ရှိနေတဲ့ သူမရဲ့ မျက်နှာ၊ လက်မောင်း၊ လည်ပင်း၊ ရင်ဘတ်တွေမှာ ထိတ်လန့်ဖွယ်အက်စစ်ဒဏ်ရာတွေနဲ့ပါ။ လေးနှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ခုချိန်ထိမခွဲစိပ်နိုင်ပဲ ဖြစ်နေခဲ့ရပါတယ်။ ခုတော့ လူမှူကူညီရေးအဖွဲ့တစ်ခုက ခွဲစိပ်ဖို့အတွက် စတင် စစ်ဆေးနေပါပြီ။

အိန္ဒိယနိုင်ငံ၊ ဖတက်ခ်ျပူရ၊ အတ္တရာပရာဒေ့ခ်ျပြည်နယ်မှာနေတဲ့ သူမတို့မိသားစုဟာ ဆင်းရဲပါတယ်။ မိခင်ဖြစ်သူ အသက် ၃၁ အရွယ်ရှိ ရာနီဒေ၀ီက ''လေးနှစ်ပတ်လုံး သူမကို ခုလိုမြင်တွေ့ခဲ့ရတာ အကြီးအကျယ်စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ သူ့အတွက် စားဖို့၊ စကားပြောဖို့၊ ပြုံးဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒါတွေမြင်ရတာ ကျွန်မကိုယ်ကျွန်မ အကြိမ်ကြိမ်သတ်နေသလိုပါပဲ။ ကူလည်းမကူညီနိုင်ဘူးလေ '' ဟု ငြီးတွားသည်။

၂၀၁၃ ခုနှစ်တုန်းက ဂျီလီယက်ကုမာရီရဲ့ မိခင်ဟာ အိမ်ကထွက်သွာခဲ့ပြီး တခြားယောက်ကြားနဲ့လိုက်ပြေးသွားခဲ့ရာက ဖခင်လုပ်သူ အသက်လေးဆယ်အရွယ် မနစ်ရှ် က ဒေါသပေါက်ကွဲပြီး ရန်ပွဲဖြစ်ခဲ့တာပါ။ မနစ်ရှ်က အင်မတန်သ၀န်တိုပြီး ဒေါသစိတ်ကြီးပါတယ်။ သူက ရာနီဒေ၀ီနဲ့ လင်ငယ်လုပ်သူ အသက် ၃၅ နှစ်အရွယ် ဟီရာလာတို့ကို သူတို့အိပ်နေတဲ့အချိန် အက်စစ်နဲ့ပက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ရောနှောပြီး အိပ်နေချိန်မှာ ပက်လိုက်တဲ့အက်စစ်က သမီးဖြစ်သူကိုရော ပက်မိခဲ့ပါတယ်။

နှစ်ယောက်လုံးဟာ အနီးရှိ အစိုးရဆေးရုံကိုတက်ခဲ့ကြပြီး လင်ငယ် ရာလာကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းခန့်လောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ်။

ဂျူလီယက်က ၄၀ နှုန်းနီးပါးလောင်ခဲ့ပါတယ်။ ပိုဆိုးတာက ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်ခဲ့တာပါ။ မိန်းမလုပ်သူ ရာနီက အဲ့ချိန်တုန်းက ဆေးရုံတက်ဖို့အတွက် အိမ်မှာရှိတဲ့ လယ်ကွက်ကလေးတွေ ရောင်းထုတ်ခဲ့ရပါတယ်။
ဒါပေမယ့် အရည်ပျော်နေတဲ့ပုံစံဖြစ်နေတဲ့ သမီးဖြစ်သူရဲ့အဖြစ်က ခံစားရခက်ပါတယ်။ ခုတော့ ခွဲစိပ်ကုသမှု ကူညီမှုရခဲ့တာ ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။

PannPwint
ref-Dailymail
ကျော်သက်ထွေး

No comments:

Powered by Blogger.