ကြက်ပွဲရှုံးလာပြီးနောက် ယောက္ခထီးရဲ့ဝှေးစေ့ကို ညှစ်ကာ သတ်ခဲ့တဲ့ အမျိုးသမီး

ကြက်ပွဲရှုံးလာပြီးနောက် ယောက္ခထီးရဲ့ဝှေးစေ့ကို ညှစ်ကာ သတ်ခဲ့တဲ့ အမျိုးသမီး
_______________________________________
Anima Kharia လို့အမည်ရတဲ့ အိန္ဒိယအမျိုးသမီးတစ်ဦးဟာ ကြက်ပွဲရှုံးလာခဲ့ပြီးနောက် ယောက္ခထီးရဲ့ဝှေးစေ့ကို ညစ်ခဲ့
လို့ ယောက္ခထီးဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ယောက္ခထီဖြစ်သူရဲ့နာမည်မှာ Gau Kerketta ဖြစ်ပြီး တရားခံက သားရဲ့မိန်းမ(ချွေးမ)ဖြစ်တယ်လို့ သိရပါတယ်။

Jharkhand ပြည်နယ်၊ Saitolaမြို့နယ်ရှိ အကျဉ်းထောင်
မူခင်းဆိုင်ရာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ Gauဟာ  သားနဲ့ ချွေးမဖြစ်သူတို့ ကြက်ပွဲတိုက်ပြီး ရှုံးလာတာကြောင့် အငြင်းပွားနေတာကို ဖျန်ဖြေဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါကို ကြက်ပွဲရှုံးလို့ ဒေါသထွက်နေတဲ့ ချွေးမဖြစ်သူက Gau
ရဲ့ဝှေးစေ့ကို ညစ်ပစ်ခဲ့တာပါ။ Gauဟာ ဝှေးစေ့ကြေပြီး သွေးထွက်လွန်ကာပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံရဲမှူး Ashok Kumarက ”လင်မယားနှစ်ဦးစလုံးက အရက်တွေသောက်ထားပုံရပါတယ်။ သားနဲ့ ချွေးမအကြား
ဖျန်ဖြေရင်း ဝှေးစေ့ညစ်ခံရကာ Gau သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းခွဲစိတ်မှုအရ ဝှေးစေ့ဟာ ထိခိုက်မှုများပြီး
သွေးထွက်လွန်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေသခံရဲတွေဟာ တရားခံ ချွေးမဖြစ်သူ Anima Kharia ကို Jharkhand ပြည်နယ်၊ Saitolaမြို့နယ်ရှိ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ အဆင့်ဆင့်ပြုလုပ်နေပါတယ်။ ရဲတွေက တရားမ၀င်ကြက်ပွဲအမှုကိုပါ ထည့်သွင်းစစ်ဆေးခဲ့ပေမယ့် Anima Kharia နဲ့ ခင်ပွန်းဖြစ်သူတို့ကတော့ အဲဒီတရားမ၀င်ကြက်ပွဲအကြောင်းကို ရှောင်လွှဲကာ ဖြေထားတယ်လို့ သိရပါတယ်။

SM
#Edkza

No comments:

Powered by Blogger.