အဆိုတော် ဘန်နီဖြိုးတင်လိုက်တဲ့Status စာကြောင်းလေးတစ်ကြောင်းက လူ မှု ကွန်ယက်စာမျက်နှာ fb ပေါ်မှာအတော်လေး ဂယက်ထခဲ့ပါတယ်


အဆိုတော် ဘန်နီဖြိုးတင်လိုက်တဲ့Status စာကြောင်းလေးတစ်ကြောင်းက လူ မှု ကွန်ယက်စာမျက်နှာ fb ပေါ်မှာအတော်လေး ဂယက်ထခဲ့ပါတယ်။စာက ရိုးရိုး တင်လိုက်တာ မဟုတ်ပဲ မင်းသမီး ရွှေမှုံရတီကို with လုပ်ပြီး တင်လိုက် တာကြောင့် ဂယက်ထရတာပါ။
ဘန်နီက “ငါဟာမင်းအတွက် လိုသုံး တစ်ယောက်ပါပဲ … 😔*B* ” ဆိုတဲ့ စာသားကို with Shwe Mhone Yati ဆိုပြီး တင်လိုက်တာပါ။ရှယ်တဲ့ သူ (၃)ထောင်ကျော်အထိ ရှိခဲ့ပါတယ်။တခြားအနုပညာရှင်တွေ ဖြစ်တဲ့ စိုင်းစိုင်း ကတော့ ” Congratulations bun bun ” ဆိုပြီး ၀င်ရေးကာ ဆေးထိုးထား တာကို တွေ့ရပါတယ်။Snare အဖွဲ့မှ ဖြိုးလေး၊လွှမ်းပိုင်တို့ကလည်း အောက် မှာဝင်ပြီး Comment ၀င်ရေးပြီး ဘန်နီ့ကို ဆေးထိုးခဲ့ကြပါတယ်။အဆိုတော်သိန်းလင်းစိုးကလည်း ဘန်နီရဲ့ Status အကြောင်း ရေးထားတဲ့ သတင်းကို ရှယ်ပြီး” ကိုယ့်ညီလေး Bunny Phyoe ကသိပ်ပြီး ကျပ်ပြည့် တာမဟုတ်ဘူး သူတင်ချင်ရာတွေတင်နေတာ “ဆိုတဲ့စာသားနဲ့ အတူရှယ် ထားပါတယ်။

No comments:

Powered by Blogger.