ဘဏ္ဍာနှစ်ကို အောက်တိုဘာ-စက်တင်ဘာ ပြောင်းလဲသတ်မှတ်သင့်ကြောင်း သမ္မတပြောကြား ----------- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ၁ရက်မှ စက်တင်ဘာ ၃၀ရက်သို့ ပြောင်းလဲသတ်မှတ်သင့်ကြောင်း သမ္မတဦးထင်ကျော်က ဇူလိုင်၇တွင် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်( ၂/၂၀၁၇) အစည်းအဝေးတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ် သုံးမျိုးကျင့်သုံးပြီး ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ် ထားသည့် ဘဏ္ဍာရေးနှစ်၊ ဧပြီ ၁ ရက် မှ မတ် ၃၁ ရက် အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ ၁ရက်မှ စက်တင်ဘာ ၃၀ရက်အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်တို့ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ရက်မှ မတ်၃၁ရက်အထိ ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်သည် ဧပြီ၁ရက်တွင် စတင်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအချို့သည် မိုးရာသီတွင် ဆောင်ရွက်ရသည့်အတွက် အခက်အခဲ ရှိစေနိုင်ကြောင်း ပြက္ခဒိန်နှစ်ဆိုလျင်လည်း ဘဏ္ဍာရေးနှစ်သည် ဇန်န၀ါရီလတွင် စတင်ခြင်း ဖြစ်သည့်အတွက် Project များကို လုပ်ကိုင်ရန်၊ဆွေးနွေးရန်၊ တင်ဒါခေါ်ရန်၊ တင်ဒါခေါ်ပြီးသည့်နောက် မိုးရာသီနှင့်တိုက်ရိုက်တန်းတွေ့သည့်အခါ အလုပ်မလုပ်နိုင်ဘဲ လေးလလောက် ကုန်ဆုံးသွားသည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း ပြက္ခဒိန်နှစ်နှင့် ယှဉ်လျင် အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာရေးနှစ်သည် ပို၍ဆီလျော်သည့် အပိုင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်ရမည့် ပွင့် ဖြစ်ကြောင်း

ဘဏ္ဍာနှစ်ကို အောက်တိုဘာ-စက်တင်ဘာ ပြောင်းလဲသတ်မှတ်သင့်ကြောင်း သမ္မတပြောကြား
-----------

 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ၁ရက်မှ စက်တင်ဘာ ၃၀ရက်သို့ ပြောင်းလဲသတ်မှတ်သင့်ကြောင်း သမ္မတဦးထင်ကျော်က ဇူလိုင်၇တွင် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်( ၂/၂၀၁၇) အစည်းအဝေးတွင် ပြောကြားလိုက်သည်။

နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ် သုံးမျိုးကျင့်သုံးပြီး ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ် ထားသည့် ဘဏ္ဍာရေးနှစ်၊ ဧပြီ ၁ ရက် မှ မတ် ၃၁ ရက် အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ ၁ရက်မှ စက်တင်ဘာ ၃၀ရက်အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်တို့ ဖြစ်ကြောင်း၊

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ရက်မှ မတ်၃၁ရက်အထိ ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်သည် ဧပြီ၁ရက်တွင် စတင်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအချို့သည် မိုးရာသီတွင် ဆောင်ရွက်ရသည့်အတွက် အခက်အခဲ ရှိစေနိုင်ကြောင်း

ပြက္ခဒိန်နှစ်ဆိုလျင်လည်း ဘဏ္ဍာရေးနှစ်သည် ဇန်န၀ါရီလတွင် စတင်ခြင်း ဖြစ်သည့်အတွက် Project များကို လုပ်ကိုင်ရန်၊ဆွေးနွေးရန်၊ တင်ဒါခေါ်ရန်၊ တင်ဒါခေါ်ပြီးသည့်နောက် မိုးရာသီနှင့်တိုက်ရိုက်တန်းတွေ့သည့်အခါ အလုပ်မလုပ်နိုင်ဘဲ လေးလလောက် ကုန်ဆုံးသွားသည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း

ပြက္ခဒိန်နှစ်နှင့် ယှဉ်လျင် အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာရေးနှစ်သည် ပို၍ဆီလျော်သည့် အပိုင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်ရမည့် ပွင့်လင်းရာသီသည် ကာလအရှည်ဆုံး ဖြစ်ကြောင်း၊

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေနိုင်သော်လည်း စတင်ဆောင်ရွက်သည့်အချိန်တွင် လက်ရှိကျင့်သုံးနေသည့် ဘဏာရေးနှစ်နှင့် ပြင်ဆင်သတ်မှတ်လိုက်သည့် ဘဏ္ဍာရေးနှစ်တို့၏ ကာလအပိုင်းအခြားသတ်မှတ်ချက်မတူညီသဖြင့် စာရင်းပြုစုရာတွင် အနည်းငယ် အခက်အခဲရှိစေမည့် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ ဘဏ္ဍာရေးနှစ် ပြင်ဆင်သတ်မှတ်ခြင်းကို ၀ိုင်းဝန်းစဉ်းစားကြရန်၊ ဆွေးနွေးကြရန်တိုက်တွန်းလိုကြောင်း သမ္မတဦးထင်ကျော်က ပြောကြားသည်။

Ref - နိုင်ငံပိုင် သတင်းစာ

The Ladies News

Credit

No comments:

Powered by Blogger.