အသက်(၈ဝ)အဘွားရဲ့အဓမ္မပြုခြင်းခံ ခဲ့ရတဲ့ (၁၃)နှစ်ကောင်လေး

ပစ်မှုတွေပိုမိုများပြားလာလေ ကမ္ဘာကြီးဟာ တဖြည်းဖြည်းနဲ့ အန္တရာယ်ရှိလာလေပါပဲ။ ပိုပြီး အံ့သြစရာကောင်းတာက မိန်းကလေးဘက်က မုဒိမ်းမှုတွေကို စတင်ကျုးလွန်လာခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ နေ့စဉ်နဲ့အမျှ မိန်းကလေးတွေဟာ အနိုင်ကျင့်ခြင်းခံနေရပါတယ်။ တဖက်မှာလည်း ယောက်ျားလေးတွေ အဓမ္မပြုခြင်းခံနေရတာကို တစ်ချို့တွေက မသိကြပါဘူး။ စိတ်မကောင်းစရာက ယောက်ျားတွေဟာ သူတို့ကိုယ် သူတို့တော့ကာကွယ်နိုင်ကြမှာပဲလို့ လူအများစုကယူဆထားတာကြောင့် ဒီလိုကိစ္စမျိုးဆို သိပ်မယုံကြည်ကြပါဘူး။

မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ကိစ္စဟာ တကယ်ကိုအံ့သြစရာပါပဲ။ အသက်( ၈ဝ)အဘွားဟာ ယောက်ျားဖြစ်သူအဝေးရောက်နေချိန်မှာ (၁၃)နှစ်ကောင်လေးကို အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ကောင်လေးရဲ့အမေ Rohana ၃၃နှစ်က ဒီအဖြစ်ပျက်အားရဲတိုင်ကြားပြီးနောက် အင်ဒိုနီးရှား Kota,Palembang ရွာရှိ အသက်(၈ဝ) Jowo ကိုဖမ်းဆီးခဲ့ပါတယ်။

ကောင်လေးအမေ Rohanaက သူမသားအိမ်ကိုပြန်ရောက်လာချိန်တွင် အလွန်ကြောက်ရွံ့ထိတ်လန့်နေတာကို သတိထားမိခဲ့တယ်။ ဘာဖြစ်တာလဲလို့မေးတော့ Jowo က သူ့ကိုအတင်းမုဒိမ်းကျင်ခဲ့ကြောင်း ဖြစ်သမျှအကုန်ပြောပြခဲ့ပါတယ်။
Jowoဟာ သူမယောက်ျားအိမ်မှာမရှိတိုင်း ကောင်လေးကို (၁ဝ)ကြိမ်လောက်ခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ အနိုင်ကျင့်တိုင်း သူမဆန္ဒကိုမဖြည့်ဆည်းပေးရင် သတ်ပစ်မယ်လို့ကောင်လေးကို ခြိမ်းခြောက်ခဲ့ပါတယ်။ ၁ခါ မုဒိမ်းကျင့်ပြီးတိုင်း ကောင်လေးကို ၁၅ရူပီပေးတယ်လို့သိရပါတယ်။

'' ကျွန်မသားက ခုမှငယ်ငယ်လေးရှိသေးတယ်... သူမဒီလိုလုပ်တာကို ကျွန်မဘယ်လိုလက်မခံနိုင်ဘူး'' လို့ အမေဖြစ်သူ Rohana က ရဲတွေကိုပြောခဲ့ပါတယ်။ 
Credit: http://buzzy.com.mm/hninayehlaing/6301

No comments:

Powered by Blogger.