အကြွေစောသော ပန်းတစ်ပွင့်😢😢😢😢

အကြွေစောသော ပန်းတစ်ပွင့်😢😢😢😢
စား ဝတ် နေ ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ နေ့တိုင်း
ရုန်းကန်နေကြသူတွေပါ..။ သို့သော်လဲ..နေ့နဲ့ည
ထမင်း ၂ နပ်တွက် ပေးဆပ်ရတာတွေက ဘဝတွေ
ကိုယ်လက်အင်္ဂါတွေ နောက်ဆုံး အသက်ပါပေးဆပ်လိုက်ရတယ်လေ..။
ကိုယ့်ပြည် ကိုယ့်မြေကို ချစ်မြတ်နိုးပေမဲ့ တိုင်းတစ်ပါးမှာ
လုပ်ကိုင်ရှာဖွေစားသောက်နေရတယ်လေ..😢😢😢
ဘာကြောင့်လဲ..????ဆိုတဲ့ မေးခွန်းတွေမဖြေခင်
လုပ်အား သတ်မှတ်ချက်မရှိတဲ့ တို့ပြည်
တစ်နေ့ ၃၆၀၀ကျပ် တောင်မပေးနိုင် ခံစားပိုင်ခွင့်
မရှိတဲ့ အခြေခံလူတန်းစားတွေ ဘဝ..😢😢😢
ဖြေရှင်းပေးနိုင်လားကြလား..???ဖြေပေးပါ..။
ခင်ဗျားတို့သာ နေရာလုနေကြ အာဏာလုနေကြ
စီးပွားလုနေကြ ..။ ဒီလိုအခြေခံ လူတန်းစားဘဝတွေက
ခင်ဗျားတို့ရဲ့ နင်းပြားဘဝက မလွတ်တော့ဘူး...😡😡😡 မုန်းတယ် အရမ်းမုန်းတယ်..မြန်မာပြည်သား တစ်ယောက်ဖြစ်ရတာ အရမ်းမုန်းတယ်..
အဘက်ဘက်က ဖိနှိပ်ခံနေရတယ်..😡😡😡
ကိုယ့်ပြည်မှာနေလဲ အောက်တန်းစားပဲ..
သူများနိုင်ငံရောက်တော့လဲ ကျွန်သာသာ ဘဝနဲ့
သိမ်ငယ်နေရတာလေ..မတန်သလိုအကြည့်အောက်မှာ
ခေါင်းငုံ့နေရတာ ခေါက်ရိုးကျိုးနေပြီ..။😢😢😢
ဘယ်မှာနေနေ ဘယ်ကိုသွားသွား ဘာတွေဖြစ်ဖြစ်..
မြန်မာဟေ့ ဆို အလိုလိုရှုံးနေရတယ် ဖိနှိပ်ခံနေရတယ်။
ဘယ်မှာလဲ နိုင်ငံသားအခွင့်ရေး ..ဒါလား..?
ပြည်သူကိုချစ်တာ?? ဒါလား မြန်မာနိုင်ငံသား...?
မေးစရာတွေအများကြီးပါ.။.ရင်ထဲမှာပြည့်နှက်နေတယ်
ခင်ဗျားတို့လူတစ်စု ကောင်းစားဖို့ ပြည်သူတွေဘယ်လောက် ပေးဆပ်ရအုံးမလဲ???
မေးကြည့်ပါရစေ...😢😢😢
ခု မျက်စိရှေ့မှာ ၁၀တန်းအောင်လို့ တက္ကသိုလ်ဆက်တက်ဖို့တဲ့..လူငယ်တစ်ယောက်..
ဒီနေ့ ဝိဥာဉ်ရော ရည်မှန်းချက်ပါ ကျပျောက်သွားပြီ..
ကျေးဇူးပြု၍ ပြန်ရှာပေးပါ လူကြီးမင်းများ..😢😢😢

       ဒါ.ယနေ့ကဖြစ်ရပ်မှန်ပါ

No comments:

Powered by Blogger.