ကလေးအချင်းချင်းဆော့နေရာမှ (၁၆)လွှာမှ ပြုတ်ကျပြီး (၂)နှစ်အရွယ်မိန်းကလေးတစ်ဦး သေဆုံး

မိဘတွေအနေနဲ့ ကိုယ့်ရဲ့အရွယ်မရောက်သေးတဲ့ကလေးတွေကို အမြဲမပြတ်သတိထားစောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါ့
အပြင် အန္တရာယ်ရှိတဲ့နေရာတွေမှာ ကလေးအချင်းချင်းပေးဆော့ဖို့ကိုလည်း လုံးဝခွင့်မပြုသင့်ပါဘူး။ တရုတ်နိုင်ငံက လီလီလို့ ခေါ်တဲ့အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အလွန်သနားဖို့ကောင်းပြီး (၁၆)လွှာကနေပြုတ်ကျကာ
သေဆုံးသွားခဲ့ပါတယ်။တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ရှာမြို့ရှိ (၁၈)ထပ်အမြင့်ရှိ အဆောက်အဦးမှာ မိဘအုပ်ထိန်းသူတွေရဲ့မမြင်ကွယ်
ရာမှာ ကလေးအချင်းချင်းဆော့နေရာကနေ သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လီလီလို့ခေါ်တဲ့ သေဆုံးသူမိန်းကလေး
နဲ့ (၅)နှစ်အရွယ်လောက်ရှိမယ့် ယောကျာ်းလေး(၁)ဦး၊ မိန်းကလေး(၁)ဦးတို့ဟာ ကလေးသဘာဝအတိုင်းဆော့နေကြ တာဖြစ်ပါတယ်။ နောက်တော့ (၅)နှစ်အရွယ်ကောင်လေးက လီလီကို နောက်ပြောင်ပြီး ဓာတ်လှေကားထဲထည့်ကာ သူက ထွက်ပြေးသွားခဲ့ပါတယ်။ ဓာတ်လှေကားထဲမှာရောက်နေတဲ့ လီလီဟာ (၁၆)လွှာကို ရောက်သွားခဲ့ပြီး အဲဒီ အပေါ်ကနေပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။အာဏာပိုင်တွေက CCTVနဲ့ သေဆုံးခဲ့တဲ့နေရာတွေကို စစ်ဆေးခဲ့ပြီး လီလီဟာ အဆောက်အဦး(၂)ခုကြားထဲကို ကျ
သွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့တာပါလို့ မှတ်ချက်ပြုခဲ့ပါတယ်။ လီလီဟာ မိခင်နဲ့ ဖခင်ဖြစ်သူတို့ အလုပ်သွားနေချိန်မှာ အ
ဘွားဖြစ်သူနဲ့နေခဲ့ပြီး အဘွားက မတွေ့လို့သတိထားမိရာမှ အဆောက်အဦးနှစ်ခုကြားထဲမှာ အလောင်းကိုတွေ့ခဲ့တာ
ဖြစ်ပါတယ်။ လီလီရဲ့သေဆုံးမှုနဲ့ပတ်သက်ကြီး တိုက်ရှိမိသားစုအားလုံးမှာ ၀မ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့
ဖယောင်းတိုင်နဲ့ သူ့ရဲ့နာမည်ကိုထိုးကာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.