လမ်းခွဲမယ်ပြောသောချစ်သူကို.........
လမ်းခွဲမယ် ပြောသောချစ်သူကို သေလုမျောပါးရိုက်နှက်
ဒဏ်ရာရ ဓာတ်ပုံများကို မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်တင်ပြီး အသိပေးခဲ့တာကြောင့် နှိပ်စက်ခဲ့သူ ချစ်သူဖြစ်သူ အမျိုးသားကို ဖမ်းဆီးထောင်ချလိုက်ပါတယ်။
ဝေလနိုင်ငံ နယူးပေါ့မြို့အိမ်တစ်အိမ်မှာ ဂျိမ်းဝဘ်ဘာဆိုသူက ဂျင်နာ သောမက်ကို သတိမေ့မျောတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။ ဦးခေါင်းကို ကန်ကျောက်ခြင်း စတာတွေလုပ်ခဲ့ကြောင်းသိရသည်။
ဝဘ်ဘာထွက်သွားတဲ့နောက် သောမက်က ဖေ့ဘုတ်ပေါ်မှာ သူမရဲ့ဒဏ်ရာရထားတဲ့ ဓာတ်ပုံတွေတင်ပြီး ဒီသက်သေတွေကိုပြပြီး စခန်းသွားတိုင်ပေးဖို့ အွန်လိုင်းပေါ်ကလူတွေကို အကူညီတောင်းခဲ့တာဖြစ်ပါတယ်။
တရားလိုရှေ့နေ ဒေးဗစ် ပက်ဂ်ျက ''၀ဘက်ဟာ သောမက်ရဲ့ နောက်ကနေ ချဉ်းကပ်လာပြီး လည်ပင်းကို ညှစ်ခဲ့တယ်''ဟုဆိုသည်။
လည်ပင်းကို ညှစ်ထားစဉ်မှာ ''နောက်တစ်ယောက် နာမည်က ဘယ်သူလဲ'' ဟု ၀က်ဘာက မေးခဲ့သည်။ သို့သော် သောမက်က ထိုအချိန်မှာ အသက်ရှုကျပ်ကာ သတိမေ့မျောခဲ့သည်။
သတိပြန်ရလာတော့ ပြတင်းပေါက်များကိုဖွင့်ကာ ပတ်ဝန်းကျင်ကို သူမ အကူအညီတောင်းခဲ့သည်။ ၀ဘ်ဘာက ပြတင်းပေါက်တွေ ပိတ်လိုက်တော့ သူမ အိမ်ထဲက ထွက်ခွာဖို့ကြိုးစားသည်။
''သောမက်ဟာ စင်္ကြန်လမ်းပေါ် လဲကျခဲ့တယ်၊ စူးရှစွာ အော်ဟစ်ခဲ့ရတယ်။ ၀က်ဘာက နောက်ကလိုက်ခဲ့တယ် ခန္ဓာကိုယ်ကို ကန်ကျောက်တယ်၊ ဦးခေါင်းကို ကန်တယ်။ ပါးစပ်ပိတ်ဖို့ အော်ပြောခဲ့တယ် '' ဟု တရားလိုရှေ့နေက ဖြည့်စွက် ပြောကြားသည်။ ''၀ဘ်က သူမကို ဆွဲထူပြီး နောက်ကျောကိုဆွဲကိုင်ကာ အိမ်ကို ပြန်ခေါ်လာခဲ့တယ်။ သူမက အော်ဟစ်အကူညီတောင်းပြန်တယ်။ နှစ်ယောက်လုံး လဲကျတယ်။ ၀ဘ်က သူမပါးစပ်ကို လက်နဲ့ပိတ်တယ်'' ဟုဆိုသည်။
တိုက်ခိုက်မှုအတွင်းမှာ ၀ဘ်က''ငါ့ကိုထောင်ချရင်၊ နင့်ကိုသတ်မယ်'' ဟုလည်း ကျိန်းဝါးခဲ့ကြောင်း သောမက်က ပြောသည်။
သူမရဲ့ အော်ဟစ်အကူညီတောင်းသံများ ကြားသောကြောင့် အိမ်နီးချင်းများက ၀ဘ်ကို ရပ်တန့်ဖို့ အော်ဟစ်ကြကာ သူမ လွတ်မြောက်ခဲ့သည်။
ဒီအဖြစ်ပျက် ဖြစ်ပွားခဲ့ပြီးနောက်နေ့ ဒီနှစ်မေလထဲမှာ ဖေ့ဘုတ်တွင် သူမက ၀ဘ်ကိုရှာဖွေဖမ်းဆီးပေးဖို့ ''ကျေးဇူးပြုပြီး ကူညီပေးကြပါ။ ရဲကိုဖုန်းဆက်ပေးကြပါ။ ကျွန်မ သေတော့မှာပါ'' ဆိုသော စာသားနှင့်အတူ ဒဏ်ရာရဓာတ်ပုံများ တင်ခဲ့တာဖြစ်ပါတယ်။
ဂျွန်လထဲ ဖေ့ဘုတ်ပို့စ်တစ်ခုမှာတော့ သူမက "ဒါဟာ ဂျိန်းဝဘ်ဘာဟာ ကျွန်မအပေါ် ရစရာ မရှိအောင် လုပ်ခဲ့တဲ့ အဖြစ်တွေပါ၊ ကျေးဇူးပြုပြီး တောင်းဆိုပါတယ် တစ်စုံတစ်ယောက်က သူ့ကိုတွေ့တယ်ဆိုရင် ရဲကို ဖုန်းဆက်ပေးကြပါ'' ဟုရေးတင်ခဲ့သည်။
သူမ အိမ်ကနေထွက်ခွာဖို့လည်း ကြောက်လန့်နေကြောင်း၊ လူတွေက ၀ဘ်ကိုရှာဖွေနေပြီး သူဘယ်မှာလဲဆိုတာ တစ်ယောက်ယောက်က ဖော်ထုတ်စေလိုကြောင်းလည်း ပြောသည်။
ခုတော့ အသက် ၂၇ နှစ်အရွယ် ၀ဘ်ဘာကို ခန္ဓာကိုယ် အပြင်းအထန်နာကျင်စေမှုဖြင့် နယူးပေါ့တရားရုံးက သုံးနှစ် ထောင်ဒဏ်ချမှတ်လိုက်သည်။
အသက် ၂၂ နှစ်အရွယ်
သောမက်က သူတို့နှစ်ယောက် အချစ်ရေးကို အဆုံးသတ်မည်ဟု ပြောသောကြောင့် တိုက်ခိုက်ခဲ့ကြောင်း ၀ဘ်ဘာက တရားရုံးတွင် ထွက်ဆိုသည်။
PannPwint
ref-dailymail
Credit





No comments: