သမီးဖြစ်သူကိုရည်းစားစကားပြောလို့ ဖခင်နဲ့စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်လိုက်သူတစ်ဦးရဲ့ဖြစ်ရပ်

သမီးဖြစ်သူကိုရည်းစားစကားပြောလို့ ဖခင်နဲ့စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်လိုက်သူတစ်ဦးရဲ့ဖြစ်ရပ်

ရန်ကုန် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို  အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း  တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။

ဦးခင်ဝင်း (၆၉ နှစ်) ၏ အသက် ၃၀ ကျော်သမီးဖြစ်သူကို အိမ်နီးချင်း ဦးဟန်ဇော်ဝင်း (၅၁ နှစ်)က ရည်းစားစကား ပြောမှုနှင့်ပတ်သက်၍ နှစ်ဦးသား စကားများခဲ့ကြောင်း၊ ယင်းကိစ္စကို  မကျေနပ်သဖြင့် ဦးဟန်ဝင်းဇော်က ဦးခင်ဝင်းနှင့် ၎င်း၏ဇနီး ဒေါ်ချိုပြုံးတို့ကို ကြက်သွန်းလှီးဓားဖြင့်ထိုးရာ ဦးခင်ဝင်းက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဇနီးသည်မှာ ဓားထိုးခံရကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဓားထိုးခံရသူမှာ ဘယ်ဘက် လက်မောင်းတွင် အရိုးထိကာ ဒဏ်ရာရခဲ့ပြီး တိုက်ကြီးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သဖြင့် ဓားဖြင့်ထိုးသူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref ::; The Voice

No comments:

Powered by Blogger.