ငွေကြေးဥစ္စာချမ်းသာဖို့အတွက် ချစ်သူကောင်မလေးကို (၈)လကြာ အရှင်လတ်လတ် မြေမြုပ်ခဲ့သူ ...

ငွေကြေးဥစ္စာချမ်းသာဖို့အတွက် ချစ်သူကောင်မလေးကို
(၈)လကြာ အရှင်လတ်လတ် မြေမြုပ်ခဲ့သူ ...
-----------------------------------------------------------------

>:<  အာဖရိကတိုက်အရှေ့ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် တန်ဇန်းနီးယန်းနိုင်ငံတွင်
ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝဖို့ ရိုးရာဓလေ့ဆုတောင်းသည့်အနေနှင့် ချစ်သူကောင်မ
လေးကို မြေကြီးတွင်းထဲ အရှင်လတ်လတ် မြေမြုပ်ထားခဲ့မှုတစ်ခုကို တာဝန်ရှိ
သူများက (၈)လ ကြာပြီးမှ သိရှိခဲ့ပြီးနောက် သွားရောက် ကယ်တင်ခဲ့ရသည်။

မြေကျင်းထဲအမြုပ်ခံထားရသော အမျိုးသမီးမှာ မူလက အလွန်လှပပြေပြစ်သည့်
အမျိုးသမီးဖြစ်ခဲ့ပေမယ့် ပြန်လည်ကယ်ထုတ်ခဲ့တဲ့အခါ အရိုးအပြိုင်းပြိုင်းနှင့်
ချိနဲ့ယိုင်ရွဲ့နေတာကို တွေ့ခဲ့ရပါတယ်။

သူမရဲ့ ရည်းစားက သူမကို အဝတ်အစားဗလာနဲ့ ၈ လ လုံးလုံး မြေအောက်ကျင်း
ထဲမှာ ထည့်ထားခဲ့ပြီး အစားအစာကိုလည်း နှစ်ပတ်နေမှ တစ်ခါသာ လာကျွေးခဲ့
ပါတယ်။ ကယ်တင်ခဲ့တဲ့အချိန် သူမရဲ့ အခြေအနေဘယ်လောက်တောင် ဆိုးရွားခဲ့
လဲဆိုတာ ဗီဒီယိုတွင် မြင်တွေ့နိုင်ပါတယ်။

သူ့ရဲ့အိမ်နီးချင်းဖြစ်သူက သတင်းပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လာရောက်
ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးကို အရှင်လတ်လတ် မြေမြုပ်ခဲ့တဲ့
ရည်စားဖြစ်သူ အမျိုးသားကို ရဲများက ဖမ်းဆီးခဲ့ပါတယ်။

Credit:popolay
link -
http://naijagists.com/photos-tanzanian-lady-buried-alive-by-boyfriend-for-money-ritual-rescued-in-pit-8-months-after/
crd

No comments:

Powered by Blogger.