မြွေကို နှာခေါင်းကသွင်း ပါးစပ်ကထုတ်၊ ရေပုန်းကို မျက်ခွံနဲ့ မ,ပြတဲ့ ကွန်ဖူးဆရာ

ကွန်ဖူးဆရာ ၀ူဆောင်ကတော့ အံ့မခန်းတဲ့ပြကွက်ကို ပြသပြီး၊ နာမည်ကျော်တစ်ယောက် ဖြစ်ခဲ့ပါပြီ။ သူဟာ မြွေတစ်ကောင်ကို နှာခေါင်းကနေသွင်းပြီး၊ ပါးစပ်ကနေ ထုတ်ပြခဲ့သလို၊ ရေပုန်းကိုလည်း မျက်ခွံနဲ့ မပြခဲ့ပါတယ်။ သူဟာ ရေပုံးကိုလည်း မျက်ခွံမှာ သံချိတ် ချိတ်ပြီး မပြနိုင်ခဲ့ပါတယ်။
မြွေကို နှာခေါင်းကနေသွင်းပြီး ထုတ်ပြတဲ့ ပြကွက်မှာတော့ အလွန် ခက်ခက်ခဲခဲရှိသလို၊ ပါးစပ်ကနေ ထုတ်ပြတဲ့ အခါမှာလည်း အတော်လေး လက်ဝင်ပါတယ်။ ဒီလိုပဲ ရေအပြည့်ဖြည့်ထားတဲ့ ရေပုံနှစ်ပုံးကိုလည်း မျက်ခွံကို သံချိတ်တွေနဲ့ချိတ်ပြီး မ,ပြတဲ့ ပြကွက်ကလည်း အလွန်ကို ထင်ရှားပြီး အံ့မခန်းပါဘဲ။
သူဟာ မြွေကို နှာခေါင်းထဲကနေ ထုတ်သွင်းတဲ့ပြကွက်မှာလည်း မြွေကို နှာခေါင်းအထက်မှ အမြှီးကိုလက်နဲ့ကိုင်၊ ပါးစပ်အောက်မှ ထွက်လာတဲ့ မြွေကိုယ်ကိုလည်း လက်နဲ့ကိုင်ပြီး အထက်အောက် ဒရွတ်စွဲပြတဲ့ ပြကွက်ကလည်း အတော်လေး အသည်းယားစရာ ကောင်းပါတယ်။ ဒီပြကွက်မှာတော့ သူက ပျို့တောင် ပျို့လာသေးတာကို တွေ့ရပါတယ်။ ရေပုန်းကို မျက်ခွံနဲ့ မပြတဲ့ ပြကွက်မှာတော့ 360 ဒီကရီ ပြည့်အောင် လှည်ပတ်ပြတဲ့အထိပါ။

No comments:

Powered by Blogger.