တရုပ်မယားဖြစ်ရမဲ့ မြန်မာအမျိုးသမီးတွေ ငွေရမယ်၊ တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။

ကိုယ်ချင်းစာ ပြီး ရှယ်ပေးရင်တော့
(အနည်းနှင့်အများ) တယောက်တလေကို
ကယ်နိုင်လဲ ကုသိုလ် ရပါတယ်
===================
တရုပ်မယားဖြစ်ရမဲ့ မြန်မာအမျိုးသမီးတွေ ငွေရမယ်၊ တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။

အခုသတင်းမှာဘဲ တရုပ်နဲ့လက်ထပ်သွားတဲ့ ဗီယက်နမ်အမျိုးသမီး(၁၀၀) ပျောက်နေတယ်ဆိုပါတယ်။
တရုပ်နဲ့ အိန္ဒိယတို့ဟာ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျက်စေ့၊ အဆုပ်စတဲ့ လူသားခန္ဓာကိုယ်တွေကို လူဆိုးဂိုဏ်းတွေက နည်းမျိုးစုံနဲ့ တရားမဝင် (Human Organ Trafficking) ရယူပြီး အစားထိုး ကုသနေတဲ့လုပ်ငန်းကြောင့် ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ ကြာလှပါပြီ။
လူအရှင်လတ်လတ်ကို ကြက်၊ ဝက်တွေလို ပိတ်လှောင်ထားပြီး ဈေးကောင်းပေးသူလာမှ မျက်လုံးလိုရင် မျက်လုံး၊ နှလုံးလိုရင် နှလုံး၊ အသည်းလိုရင် အသည်းကို ခွဲထုတ်လှီးဖြတ်ပြီး ဆေးရုံတွေနဲ့ ဆက်သွယ်ရောင်းချနေကြတယ်။
လူသားခန္ဓာကိုယ်တွေ အစိတ်အပိုင်းတွေကို ခလေးဆို ခလေး၊ မိန်းမဆို မိန်းမ၊ ယောင်္ကျားဆို ယောင်္ကျားစသဖြင့် လိုချင်တဲ့ အသက်အပိုင်းအခြားအတိုင်း ရတယ်။ လတ်လတ်ဆတ်ဆတ် ရတယ်။ ချက်ချင်း ရတယ်။ ဈေးနှုံးလည်း သက်သာတဲ့အတွက် အနောက်နိုင်ငံတွေမှာ လှူတဲ့သူရှိမှ ရကြမှာကို မစောင့်နိုင်တဲ့အတွက် တရုပ်နဲ့ အိန္ဒိယကို သွားရောက်ကုသနေကြတာကိုလည်း Documentary အထောက်အထားတွေနဲ့ ရိုက်ပြထားတာတွေလည်း အများကြီးပါ။
အစိုးရကိုလည်း ခင်ဗျားတို့ အားကိုးမနေနဲ့။
မဘသကလည်း ကယ်မှာမဟုတ်ဘူး။
လူထုထဲမှာ အသိပညာပြန့်ပွားလာအောင် လူထုနည်းနဲ့ဘဲ လုပ်ပေးကြပါဗျာ။
တရုပ်နိုင်ငံမြောက်ပိုင်း ဟီဘေးခရိုင်မှာ ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော်ပျောက်ဆုံးနေတဲ့အမှုကို တရုပ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
အဆိုပါအမျိုးသမီးတွေက ပွဲစားတွေကတဆင့် ဟန်ဒန်အနီးရှိ ကျေးလက်ဒေသတွေမှာက အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။
သူတို့တတွေပျောက်ဆုံးသွားတာ နိုဝင်ဘာလကထဲကဖြစ်ပြီး ပွဲစားအမျိုးသမီးဖြစ်တဲ့ တရုပ်ပြည်မှာနေထိုင်နေတဲ့ ဗီယက်နမ်သူကို လည်းရှာလို့မတွေ့ဘူးလို့ဆိုပါတယ်။
အခုလို အမျိုးသမီးတွေ ရာချီပျောက်ဆုံးမှုမှာ ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ ယူဆရကြောင်း တရုပ်အရာရှိတဦးကို ကိုးကားပြီး ချိုင်းနားဒေးလီ သတင်းစာကရေးပါတယ်။

များများသိအောင် Share ပေးကြပါ။

Cd with - -သတင်းဝေဟင်

No comments:

Powered by Blogger.