ဖခင်စစ်သားကြီးရဲ့ ရုပ်အလောင်းကို”ဖေဖေ”လို့ခေါ်ပြီး နှိုးနေတဲ့ သားငယ်လေး

စစ်သားဆိုတာ တိုင်းပြည်ကို အသက်လှူထားရသူတွေပါ။ မိသားစုဝင်တွေကို အချိန်မရွေး သေကွဲကွဲနိုင်လို့ ရှေ့တန်းထွက်ပြီဆို မှာချင်တဲ့စကားတွေ အကုန်မှာကြားခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ရှေ့တန်းကို ထွက်တာနဲ့ တစ်ခါတည်း သရဏဂုံတင်သွားတဲ့သူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။
တစ်သွေးတစ်သံတစ်မိန့်အောက်မှာ အသက်တွေကို စတေးရင်း တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ လူမသိသူမသိ အာဇာနည်တွေ အများကြီးပါဘဲ။ သူတို့တစ်တွေဟာ “ရဲသော်မသေ သေသော် ငရဲမလား” ဆောင်ပုဒ်နဲ့အညီ၊ ရန်သူနဲ့ စစ်မြေပြင်မှာ အမြဲတိုက်ပွဲဝင်ဖို့ အသင့်အနေအထားပါ။
ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Marawi နယ်မြေအရေးအခင်းမှာ နှစ်ဘက် အကျဆုံးဆုံးတွေ များခဲ့ပါတယ်။ ဇွန်လ 9 ရက်နေ့ တစ်ရက်တည်းမှာပင် ဖိလစ်ပိုင်းအစိုးရစစ်ဘက်မှ နိုင်ငံတော်အတွက် အသက်ပေးလှူသွားတဲ့ တပ်ဖွဲ့ဝင် 13 ဦးအထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာ တပ်ကြပ်ကြီး Jobert Cofino လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။
ဆာဂျင် Jobert ဟာ အသက် 28 နှစ်သာ ရှိသေးပြီး၊ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူရဲ့ သေနတ်ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်။ သူရဲ့အလောင်းကို တပ်မတော်မှ ပြန်လည်သယ်ဆောင်လာခဲ့ပြီး မိသားစုကို အပ်နှံခဲ့ပါတယ်။ Jobert မှာ ဇနီးနဲ့ အသက် 11 လသာရှိသေးတဲ့ သားလေး PJ တို့ ကျန်ရစ်ခဲ့ပါတယ်။ကလေးဟာ ဖခင်ရဲ့ရုပ်အလောင်းထည့်ထားတဲ့ မှန်သေတ္တာကို Tablet စကရင်မှတ်ပြီး၊ လက်ကလေးနဲ့ ပွတ်နေတာဟာ ၀မ်းနည်းစရာပါဘဲ။ အမေဖြစ်သူကတော့ အတက်နိုင်ဆုံး ၀မ်းနည်းစိတ်ကို ထိန်းပြီး ခင်ပွန်းသည်ကို နောက်ဆုံးနှုတ်ဆက်နရှာပါတယ်။ PJ က အသက်ငယ်သေးပေမယ့် မှန်တလားထဲက အာဇာနည်ကြီးဟာ သူ့အဖေမှန်း သိပါတယ်။ ဒါကြောင့် ဖေဖေ … ဖေဖေလို့ ခေါ်နေသံလေးက ကြားရသူတွေကို မချိတင်ကဲ ဖြစ်စေမှာပါ။
Jobert ဟာ ယခင်ကလည်း ရှေ့တန်းစစ်မြေပြင်ကနေ ဗွီဒီယို Call နဲ့ ပြောနေကြမို့ PJ ကလည်း သူ့အဖေ ထုံးစံအတိုင်း ဗွီဒီယိုကော ခေါ်နေပြီလို့ ထင်မှတ်နေပုံပါဘဲ။ ဖိလစ်ပိုင် မာရ၀ီမြို့ဝန်းကျင်မှာ IS လက်သစ်တွေလို့ ခေါင်းစဉ်တပ်ခြင်းခံထားရတဲ့ သူပုန်တွေနဲ့ အစိုးရတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေပါတယ်။
အစိုးရဘက်မှ လေကြောင်းပစ်ကူနဲ့၊ အမေရိကန်ရဲ့ စစ်ကူတွေ ရှိနေပြီး၊ မာရ၀ီမြို့နေလူထုဟာ လောလောဆယ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြသလို၊ မတော်တဆ ကျည်သင့်သေဆုံးမှုတွေလည်း နေ့စဉ်နဲ့အမျှပါဘဲ။ တိုက်ပွဲကတော့ ဆက်လက် ပြင်းထန်နေဦးမှာပါ။
နတ်စည်တော် (Shwemom)
source :

No comments:

Powered by Blogger.