လေပေါ်ပျံနိုင်သည့် ဂလိုက်ဒါတီထွင်သူ မြင်းခြံသားလေး ကိုသောင်းအေး အား Air Za lon ကုမ္ပဏီမှ ဂုဏ်ပြုငွေ သိန်း၁၅၀ ပေးအပ်ချီးမြင့်

လေပေါ်ပျံနိုင်သည့် ဂလိုက်ဒါတီထွင်သူ
မြင်းခြံသားလေး ကိုသောင်းအေး အား
Air Za lon ကုမ္ပဏီမှ ဂုဏ်ပြုငွေ
သိန်း၁၅၀ ပေးအပ်ချီးမြင့်

ဂျုလိုင် ၁၄

မြင်းခြံမြို့ လက်ခုပ်ကုန်းကျေးရွာမှ
ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ
ဝပ်ရှော့ဆရာ ကိုသောင်းအေး သည်
မြန်မာ့ ပထမဆုံး လေပေါ် ပျံသန်းနိုင်သည့်
ဂလိုက်ဒါ စက်တပ်ယာဉ်ကို
အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်သည့်
အတွက် မြန်မာနိုင်ငံ လေကြောင်းလိုင်း
Air Za lon ကုမ္ပဏီမှ ဂုဏ်ပြုချီးမြင့်ပွဲ
အခမ်းအနားကို ဂျုလိုင်၁၃ရက်နေ့က
မြင်းခြံမြို့ စက်မှုဇုန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်
ချီးမြင့်ဂုဏ်ပြုငွေ သိန်း၁၅၀အား
ကုမ္ပဏီမှ ရပ်မိရပ်ဖများရှေ့မှောက်တွင်
ပေးအပ်ချီးမြင့်သည့်အပြင်
နည်းပညာအချက်အလက်အား
သိန်းတစ်ထောင်ကျော်ဖြင့် ဝယ်ယူသွားကြောင်း
မြန်မာ့စက်မှုပညာရှင် ကိုသောင်းအေးအား
ဂုဏ်ပြုပေးလိုက်ရပါသည်။

source::မြင်းခြံစက်မှုဇုန်သတင်း

No comments:

Powered by Blogger.