[ ပြည်တွင်း ] KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက် သည့် လက်နက်ကြီးဗုံးသီးစများ ထိမှန်၍ ဒေသခံပြည်သူ နှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

==================================================
နေပြည်တော်၊ ဇွန် - ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ နယ်မြေခံတပ် များအား KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇွန် ၂၆ ရက် မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့် တွင် ကွတ်ခိုင်မြို့ ၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်များမှ ပြန်လည်ပစ်ခတ်ရာ ၁၂ နာရီ မိနစ် ၅၀ တွင် ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်အနီးသို့ KIA/ TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့ ၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာရှိ ပိန်းဟွယ်ကျေးရွာနေ ဒေါ်အေးအမ် နှင့် ဦးအိုက်ဒဲ့ တို့နှစ်ဦးမှာ လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့ပြီး ဦးအိုက်စံ မှာ ဦးခေါင်း တွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင် ပြည်သူ့ဆးရုံ တွင် ဆေးဝါးကုသမှုများ ခံယူလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နေရာ အနီးတစ်ဝိုက်သို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Credit : MOI
Crd
#ခရီးသည်

No comments: