သမီးအရင်းကို အဓမ္မကျင့်တဲ့ ဖခင်ကို သားအရင်းက လည်ပင်းညှစ်သတ်ပစ်

သမီးအရင်းကို အဓမ္မကျင့်တဲ့ ဖခင်ကို သားအရင်းက လည်ပင်းညှစ်သတ်ပစ်

အိန္ဒိယနိုင်ငံ၊ Jamnagar မြို့အနီး၊ Jodiya Taluka ရွာမှာ သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ကို သားဖြစ်သူမှ လည်ပင်းညှစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အသက် 19 နှစ်အရွယ်သာ ရှိသေးတဲ့ တရားခံအမျိုးသားကတော့ ဖခင်မပီသတဲ့သူကို လူ့လောကမှာ ထားဖို့မလိုပါဘူးဆိုပြီး၊ ယခုလို လက်စတုန်းလိုက်တာပါ။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သေဆုံးသူဖခင်ဟာ သမီးအရင်းဖြစ်သူကို နေအိမ်မှာပင် အဓမ္မနှစ်ကြိမ်အထိ ကျင့်ခဲ့ပြီး၊ ယခုကိစ္စကို သမီးဖြစ်သူမှ မောင်လေးဖြစ်သူကို ပြန်လည်တိုင်ကြားခဲ့ကြောင်း သိရပါတယ်။ အဓမ္မကျင့်ခံရသူ အမျိုးသမီးဟာ အခြားတစ်နေရာမှာ အိမ်ထောင်ကျနေသူ ဖြစ်ပြီး၊ လောလောဆယ် ခင်ပွန်းသည်နဲ့ အဆင်မပြေလို့ မိဘအိမ်ကို ခေတ္တပြန် လာနေသူလို့ သိရပါတယ်။

ဒီကိစ္စကို မောင်ဖြစ်သူက သိသွားချိန်မှာတော့ ဒေါသပေါက်ကွဲကာ ဖခင်အရင်းကို ပြန်သတ်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ပြစ်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူတွေရဲ့ အမည်ကို သတင်းစာတွေက ထုတ်ဖော်ရေးသားခြင်း မရှိပါဘူး။ လောလောဆယ် တရားခံအမျိုးသားကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။

အိန္ဒိယနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု အများဆုံးနိုင်ငံတွေထဲမှ တစ်နိုင်ငံအဖြစ် ပါဝင်ပါတယ်။ National Crime Records Bureau ရဲ့ ထုတ်ပြန်ချက်အရ နေ့စဉ် ပျမ်းမျှအားဖြင့် အဓမ္မမှု 90 ခန့် ပေါ်ပေါက်နေပြီး ပိုပြီးမြင့်တက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုလအစောပိုင်းတုန်းကပင်လျှင် ဆေးရုံသူနာပြုအကူ လုပ်သားတစ်ဦးက ဆေးရုံမှာ အရေးပေါ်ကုသမှုခံနေရတဲ့ ကျောင်းသူလေးတစ်ဦးကို အိပ်ဆေးထိုးသွင်းကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်အတွက် ဒေသခံတွေက ဆေးရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ထိုစဉ်တုန်းက လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Credit - (Shwemom)

No comments:

Powered by Blogger.