👿👿👿 အလောင်းအစား👿👿👿 အလောင်းစားတမ်း ဆော့တဲ့လူငယ်သုံးဦးရဲ့ ဖြစ်ရပ်မှန်⚡⚡
ညီပိုက်(မော်လမြို င်)
👿👿👿 အလောင်းအစား👿👿👿
အလောင်းစားတမ်း ဆော့တဲ့လူငယ်သုံးဦးရဲ့ ဖြစ်ရပ်မှန်⚡⚡⚡
ဒုတိယနှစ်ဖြေပြီးလို့ ဗညား နှီးပတော်ရွာကို ပြန်ရောက်တာ တစ်ပတ်တောင် မပြည့်သေးဘူး။တော်
တော်လေးပျင်းနေပြီ၊ဟိုနှစ်ယောက်လည်းပေါ်မလာ။
ကျောင်းတက်တုန်းကဆို ကောင်မလေးတွေ ဖွန်လိုက်
ကြောင်လို့ရတယ်လေ။ပျင်းရင် ဆိုင်ကယ်နဲ့ မော်လမြိုင်နှစ်ထပ်ဈေးမှာ လိုချင်တာပတ်ရှာကြ၊ ညနေဆို
တောင်ပေါ်တန်းသွားပြီး ရှူ ခင်းသာကနေ မော်လမြိုင်မြို့ နဲ့ပင်လယ်အလှကို အပေါ်စီးကနေ ကြည့်
ကြ၊ ကမ်းနားလမ်းကို ဆိုင်ကယ်နဲ့လျှောက်သွားဆို
တော့ ပျင်းချိန်ကိုမရှိ။ အခုတော့ ပျင်းလွန်းလှပြီ။ ကျောင်းဖွင့်ချိန်ကို
တောင်အမြန်ရောက်စေချင်ပြီလေ။ဒီအချိန်ဆို ဟိုကောင်ချမ်းမွန် ဂစ်တာနဲ့ငြိမ့်နေမယ်ဆိုတော့ ပျင်းနေ
မယ်မထင်ဘူး။ထောလဝီတော့ မနေ့ကပဲ ကျနော်နဲ့
စက်စဲကမ်းခြေမှာ ရေသွားကူးပြီးပြီဆိုတော့ ဒီနေ့
တော့ကျနော့်ဆီ လာတော့မယ်မထင်။သုံးယောက်
လုံးမှာ ထောလဝီက အနေအေးပြီး ခေါတ်ရှေ့မပြေး
ဆုံးနဲ့အကြောက်တတ်ဆုံး။လွယ်လွယ်နဲ့လည်း စည်းရုံးမရတတ်ဘူး။
ဟိုတခါ ဆံပင်မဟော်ဂနီအရောင်ဆိုးဖို့ အတင်းတိုက်တွန်းတာတောင် မလုပ်ဖူးလေ။သွားတက်
ကလေးနဲ့စကားပြောလိုက်ရင် ညင်ညင်သာသာနဲ့
မျက်ခုံးနက်နက်အောက်က မျက်လုံးတွေလည်း
မျက်ရည်လည်သလိုဖြစ်ပြီး တမျိုးလှသဗျ။သူ့မျက်
လုံးကိုကြည့်ပြီး ကိုယ်ကအားကျမိပါရဲ့။သူ့မျက်လုံး
ပုံစံက ကြင်နာတတ်တဲ့သူမှန်း ကောင်မလေးတွေ
သိလို့လားမသိဘူးဗျ။ သူ့ကိုဆို အလေးပေးဆက်ဆံ
တတ်ကြတယ်။နောက်ပြီး ထောလဝီက စိတ်ကောင်း
ရှိတဲ့အပြင် သူများကောင်းကွက်ကိုလည်း ရှာကြံချီးမွှမ်းပြောတတ်တယ်။ဟိုတစ်ခါကဆို ကျနော်က
သူ့ကို မင်းမျက်လုံးလှတယ်ကွာလို့ ပြောမိပါတယ်..
"သူများကိုပဲ အားကျမနေနဲ့ဟေ့ရောင်..မင်းကိုလည်း
ငါအားကျတဲ့အချက်ရှိတယ်ကွ..မင်းက ဟာသဥာဏ်ရှိ
တယ်..လူတွေရယ်ဖို့အတွက်ဆိုရင် မင်းကိုမင်း ဟာသဇာတ်ကောင်အဖြစ်ခံပြီး သရုပ်ဆောင်တတ်
တာငါအကြိုက်ဆုံးပဲကွ" လို့ပက်ခနဲပြန်ပြောပါရော။
အင်း..ဟုတ်တော့လည်းဟုတ်တယ်။လူတိုင်းမှာ
အားသာချက်က ရှိစမြဲပဲလေနော်။ပျင်းတာနဲ့ ထိုင်း
သရဲခွေ ထိုးကြည့်လိုက်တယ်။လူငယ်တစ်စုက အပျော်တမ်းလုပ်ပြီး သရဲခြောက်တဲ့အိမ်ကို ညနက်ပိုင်း
သွားကြည့်ကြရာမှ အသက်ပါဆုံးရတဲ့အကြောင်းကို
စိတ်ခြောက်ခြားဖွယ်ရာ ရိုက်ပြထားတာကို ကြည့်ပြီး
ဗညားချက်ချင်းအကြံတစ်ခုရသွားတယ်။ ဟုတ်ပြီ..
အပျင်းပြေအောင် ဟိုနှစ်ယောက်ကို သွားဆွယ်ရမယ်..အလောင်းအစားတစ်ခုလည်း လုပ်ရမယ်လို့
တွေးပြီး ဆိုင်ကယ်စီးကာ ဟိုနှစ်ကောင်အိမ်ကို ဒိုးသွားလိုက်တယ်။ဒါပေမယ့် အဲဒီအလောင်းအစား
ကြောင့် အဖြစ်ဆိုးတစ်ခုနဲ့ ကြုံရလိမ့်မယ်ဆိုတာ
ကြိုသိခဲ့ရင် ကျနော် တကယ်မလုပ်ခဲ့ပါဘူးဗျာ..။
###########
ထောလဝီ အိမ်ကိုရောက်တော့ ချမ်းမွန်ကိုပါ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရတယ်။
"ဟျောင့်တွေ..ဘာဖြစ်လို့ ငါ့ဆီမလာကြတာလည်း
ကွာ.."
"ငါလည်း လဝီကို ခေါ်ပြီးလာမလို့ပဲ ဟရောင်ရ"
"ပျင်းထှာကွာ.."
"အေးကွာ..ငါတောင်မင်းတို့ကိုပြောပြီး မော်လမြိုင်
ဒိုးကြရင်ကောင်းမလားလို့ စဉ်းစားနေတာ"
"မသွားနဲ့တော့ ဟျောင့်တွေ..ဒီနေ့ငါ့မှာ အပျင်းပြေ
အစီအစဉ်တစ်ခုရှိတယ်ကွ.."
"ဘာများလည်း ဟေ့ရောင်ရေ.."
"ဒီည ငါတို့သုံးယောက်ရွာပြင်လမ်းမမှာ သရဲသွား
ကြည့်ကြရအောင်ကွာ..ငါ့ဘကြီးတစ်ယောက်ပြောသ
လို ရွာတိုင်းရဲ့ရွာအဝင်ဝမှာ သရဲရှိတယ်ကွ..သရဲကို အမဲသားကျွေးပြီး ကြည့်လို့ရတယ်ကွ....အဲ့
ကြည့်ချင်တယ်ဆိုရင် မျက်လုံးကို အိုးမဲဝိုက်ပြီးသုတ်
လိမ်းထားရတယ်ကွ..သရဲကို အမဲသားကျွေးတဲ့အတွက် သရဲနဲ့လည်းမိတ်ဆွေဖြစ်ပြီ..အဲတော့ သရဲကို မျက်နှာချင်းဆိုင်ကြည့်
လို့ရပြီ်ကွ..သရဲလာရင် ထွက်ပြေးတဲ့ကောင်က
ရှုံးကွာ..ကဲ ဘယ်လိုလဲ..ကြောက်မကြောက်ဆိုတဲ့
ငါတို့ရဲ့စိတ်ကိုအလောင်းအစားလုပ်ရအောင်"
"ဟေ့ရောင်တွေ..မဟုတ်က..ဟုတ်ကတွေ မလုပ်
ချင်ကြပါနဲ့..တော်ကြာပေါက်ကရတွေဖြစ်ကုန်ရင်
မကောင်းဘူးနော်.."
"လဝီရာ အဲဒါတွေကြောင့် မင်းကိုငါမကြိုက်တာ
အမြဲပူပန်တတ်ရန်ကော..သတ္တိမရှိလိုက်တာကွာ..
ပျင်းနေလို့ အပျော်တမ်းလုပ်မဲ့စာကို.."
"အမယ်..မင်းကြိုက်ဖို့အတွက် ငါကပဲလိုက်လုပ်ပေးရမလို ဖြစ်နေပြီ..မင်းပြောပုံက သတ္တိဆိုတာ သူ့နေရာနဲ့သူရှိတယ်ကွ..အရောင်နီတာချင်းတူရင်တောင် မီးကျီခဲဟာ ပတ္တမြားမဖြစ်နိုင်ဘူးကွ..အခုဟာ
က ဘာမှအကျိုးမရှိတာလုပ်မယ့်ဟာကွာ..အဲလို
ကိစ္စတွေ အလောင်းအစားလုပ်ရင် မကောင်းဘူးလို့
ကြားဖူးတယ်နော်.."
"ကဲပါ..လဝီရာ..အပျင်းပြေလုပ်တာပဲ ဗညားပြော
တဲ့အတိုင်း လုပ်စမ်းကြည့်ကြရအောင်ကွာ...အလောင်းအစားဆိုပေမယ့် ဘယ်သူနဲ့မှ လောင်းတာမှ
မဟုတ်တာ..ကိုယ့်စိတ်ကို ကိုယ်လောင်းတာပဲလေ..
ဘာမှမဖြစ်လောက်ပါဘူးကွာ..ဒါနဲ့ နေပါအုံး
ဗညားရေ..အမဲသားကို ဘယ်မှာသွားယူမလဲကွာ."
"အမဲသားအတွက် ဘာမှမပူနဲ့ ဒီညနေစာအတွက်
ငါတို့အမေအမဲသား ဝယ်ထားတာတွေ့တယ်..
သူညစာမချက်မှီ ငါနည်းနည်းလှီးယူထားလိုက်မယ်
ကဲ..လဝီရာ နှစ်ယောက်တစ်ယောက်ဖြစ်နေပြီ
လက်ခံလိုက်တော့ ချစ်ဖရန့်ရေ..နော်.."
နောက်ဆုံး လဝီမကျေမနပ်နဲ့ အလျှော့ပေးလိုက်တော့
မှ ရင်ထဲက ခိုးလိုးခုလုနဲ့ သက်ပြင်းချနိုင်တော့တယ်။
ကိုယ့်ရဲ့အစီအစဉ်ဖြစ်မြောက်တော့မယ်ဆိုတော့
ပျော်ပြီယေ...ဒန့်..ဒန့်..ဒန့်။
##########
ညသည် ခြောက်ခြားစဖွယ် တိတ်ဆိတ်နေသည်။တစ်ချက်တစ်ချက်တွင် လမ်းဘေးသစ်ပင်တွေဆီက
လေတိုးသံ တဝှီဝှီသည် တစ္ဆေ ၊သရဲများ အမဲသား
စိမ်းများ လာရောက်စားသောက်ချင်ကြောင်း အသံ
ပေးပြသနေသကဲ့သို့ပင်။မိမိတို့သုံးဦးမှာ မျက်လုံးနှစ်ဖက်စလုံးကို အိုးမဲကွင်းဝိုက်ထားပြီး ငုတ်တုတ်ထိုင်
နေကြတယ်။ရှေ့မှာ စလောင်းဖုံးထဲ အမဲသားတုံးချ
ကာ ဖယောင်းတိုင်အကြီး သုံးတိုင်ကိုလည်း တန်းစီ
ထွန်းထားတယ်။
"ဒမ်း""ဒမ်း.." "ဒမ်း.."
"ကဲ..ဒီအနီးတဝိုက်က လမ်းစောင့်တစ္ဆေသရဲများ
ကျနော်တို့ကို မိတ်ဆွေလိုသဘောထားပါ..ရန်မပြုပဲ
အမဲသားတုံးများကို လာရောက်စားသုံးပါ..ဖိတ်ခေါ်
ပါတယ်..လာပါ..လာပါ.."
တိတ်ဆိတ်သော ညချိနိခါတွင် ရုတ်တရက် ဗညားရဲ့
စလောင်းဖုံး တဒမ်းဒမ်းခေါက်လိုက်သံကြောင့် လဝီ
၏ကိုယ်မှာလန့်ပြီး တွန့်ခနဲဖြစ်သွားတယ်။
"ဒမ်း..ဒမ်း..ဒမ်း.."
"ဖိတ်ခေါ်ပါတယ်..လာပါ..လာပါ.."
"ခလွမ်း...ခလွမ်း..."
ဗညား၏လက်ထဲက စလောင်းဖုံးက ရုတ်တရက်လွတ်ကျသွားပြီး ဗညား၏ကိုယ်မှာလည်း နတ်ဝင်
သည်လို တဆတ်ဆတ်တုန်ရင်လာတယ်။အဲနောက်
အိုးမဲသုတ်ထားတဲ့ မျက်လုံးပြူးပြူးနဲ့ လဝီကို လှည့်
ကြည့်လာပြီး လဝီလက်ကို ဆတ်ခနဲဆွဲကိုင်လိုက်တယ်။
"အမဲသားက နည်းနည်းလေးပဲ..ငါစားလို့မဝဘူး
ထပ်ယူပေး..ထပ်ယူပေး..ငှင်းငှင်း"
လဝီသိလိုက်ပြီ။ဗညားရဲ့ကိုယ်မှာ မကောင်းတဲ့အပ
သရဲမှီသွားပြီဆိုတာ..။အသက်ရှူ သံပြင်းပြင်းနဲ့ အမဲ
သားနည်းသွားလို့ ဒေါသတကြီးအော်ဟစ်နေတဲ့
သရဲရဲ့ မျက်လုံးနီနီရဲရဲကို ကြည့်ပြီး လဝီစိတ်နဲ့ကိုယ်
မကပ်လောက်အောင် ကြောက်လန့်မိသည်။
ချမ်းမွန်ကို ကြည့်လိုက်တော့ ဘယ်လိုလုပ်ရမလဲဆိုပြီး သူကလည်းစိုးရိမ်တကြီးကြောင်ကြည့်
နေတယ်။လဝီက...
"ဟုတ်ကဲ့..ကျွန်တော်တို့ အခုပဲ သွားပြန်ယူပေးပါ့မယ်..ကျနော့်လက်ကို လွှတ်နော်.."
လဝီက ပြောဆိုရင်း လက်ကိုအသာရုန်းကြည့်တယ်။
သရဲက လဝီလက်ကို မလွှတ်တဲ့အပြင် ပိုမိုတင်းကျပ်စွာကိုင်လာပြီး...
"မရဘူး..ငါနင်တို့ကို မယုံဘူး..ငှင်းငှင်း..တစ်ယောက်ပဲပြန်ယူ..တစ်ယောက်ကျန်နေခဲ့..ဟိုကောင်!"
သရဲမှာ တဆတ်ဆတ်တုန်လာပြီး ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းရင်း ချမ်းမွန်ကို လက်ညှိုးထိုး
လိုက်ရာ ချမ်းမွန်မှာလန့်ပြီး ထပြေးပါလေတော့သည်။
"ဟေ့ရောင်..ချမ်းမွန်ရေ..ငါ့ကို ကယ်ပါအုံးကွ..
ချမ်းမွန်.."
ထိုအခါ ချမ်းမွန်မှာ ပြန်လှည့်ပြေးလာပြီး သရဲကို
ခွပ်ခနဲ..ခွပ်ခနဲမြည်အောင် ဆက်တိုက်ထိုးပလိုက်တယ်။လဝီလည်း အသိရလာပြီး သရဲမျက်ခွက်ကို
ကြောက်ကြောက်နဲ့ ဆက်တိုက်ထိုးပလိုက်ပြန်တယ်။
မှတ်ကရော။အီစလန်ဝေသွားတဲ့ သရဲက လဝီလက်
ကိုင်ထားတာ အနည်းငယ်လျှော့သွားချိန်။ လဝီလည်း
သရဲလက်ကို လက်မောင်းနဲ့ ဒုတ်ခနဲအမြန်ရိုက်ချလိုက်
ပြီး အနည်းငယ် ပျော့ခွေသွားသလိုဖြစ်တဲ့ သရဲဗိုက်ကို ဒူးနဲ့အားကုန်တိုက်ပလိုက်တယ်။
"ဘုတ်.." "အွတ်.." ဆိုတဲ့ သရဲညှီးသံနဲ့အတူ သရဲမှာလဲကျသွားတယ်။ချမ်းမွန်မှာ သရဲဖင်ကို နောက်ဆုံးပိတ်ကန်ခဲ့ရင်း လဝီလက်ကိုဆွဲကာ ရွာထဲ
သို့ လူကြီးများကို သွားခေါ်ရန် ထွက်ပြေးသွားပါ
လေတော့သည်။
"အား..ကျွတ်..ကျွတ်..နာလိုက်တာ.."
မျက်နှာတစ်ခုလုံး နေရာအနှံ့ဖူးရောင်ပြီး တဆစ်ဆစ်နာလိုက်တာ။ဘယ်ဘက် မျက်လုံးကလည်း ဖွင့်လို့တောင်မရတော့ဘူး။ညိုမဲစွဲသွားပြီလားမသိ။နှုတ်ခမ်း
ကလည်း ထော်လန်အမ်းသွားပြီ။နှာခေါင်းသွေးမကျ
တာ တော်ပါသေးရဲ့။ဒေါင်းချားတွေ..နာက ပျော်ပါစေ
တော့ဆိုပြီး သရဲဝင်ပူးသလို ဟန်ဆောင်တာ။ဒင်းတို့
က ရက်ရက်စက်စက်တကယ်ထိုးသွားလိုက်ကြတာ။
ယီးလိုပဲ..နာ့မျက်ခွက်တစ်ခုလုံး စုတ်ပြတ်သတ်ကုန်ပြီ
ဘယ်လိုပဲ သရဲဝင်ပူးစေအုံးတော့ ကိုယ့်သူငယ်ချင်း
ရဲ့မျက်နှာကို မညှာမတာ ဒါလောက်တောင်ထိုးစရာလား..ထိုးလိုက်ပုံများ ရွှေဓူဝံအမျိုးတွေလား
အောက်မေ့ရတယ်..ငိုးမတွေ..နာ့ကိုမှို့အိတ်လို့ ထင်
နေကြသလားမသိ။နာလိုက်တာ...အီး။နောက်နေ့ ဒီလို ရောင်ကိုင်းနေတဲ့ ဒီညက်ခွက်နဲ့ နာဘယ်လိုအပြင်ထွက်ရမလဲ...ဟင့်။အား..ကျွတ်ကျွတ်..
ဗိုက်ကလည်း ဒူးနဲ့တိုက်ထားတဲ့အရှိန်ကြောင့် အခုထိ
အောင့်တုန်း။ဟိုကောင်ချမ်းမွန်ကလည်း ထွက်ပြေးတာတောင် နာ့ဖင်ကို နောက်ဆုံးပိတ် ဆောင့်ကန်သွားသေးတယ်။တော်တော်ရက်စက်တဲ့ဟာတွေ
ဖလူးမသားတွေ..ပြေးရင်းလွှားရင်းနဲ့ခေါင်းသုံးလုံးရှိ
တဲ့ မြွေပွေးကိုက်ပါစေဟာ..။သားက..သားက ချစ်လို့
စတာကို မတန်ပါဘူးဗျာ..။
(ကဲ fri တို့ရော နောက်နေ့ ဗညားရဲ့ရောင်ကိုင်းနေတဲ့
မျက်ခွက်ကို မြင်ယောင်ရင်း ထိမှကောင်းတယ်ဆိုပြီး
ရယ်ကြမလား..သနားစိတ်နဲ့ ရယ်ကြမလားဗျာ..မန်ဘာအားလုံး ပျော်ရွှင်ပါစေဗျာ..ကျနော့်ကိုလည်း ခင်တယ်ဆို အက်လာကြပါအုံးလို့...)
အားလုံးကို ခင်မင်၊လေးစား၊ချစ်ခင်လျက်
ညီပိုက်

No comments: